နေကာမျက်မှန်တွေကို ရာသီဥတုအေးတဲ့ နိုင်ငံတွေမှာတောင် ဖက်ရှင်အနေနဲ့တပ်ကြလို့ မြန်မာနိုင်ငံရာသီဥတုနဲ့ဆို ပိုလို့တောင်လိုပါသေးတယ်နော်။ Sunglasses ဆိုတဲ့အတိုင်း ယောကျာ်းသားတို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတွေကို နေရောင်ခြည် တိုက်ရိုက်မထိနိုင်အောင် အကာအကွယ်ပေးနိုင်တာမို့ တပ်ဆင်သင့်ပါတယ်။

Source: esquire.com

ဝတ်မယ့်အခါမှာ သတိထားသင့်တာကတော့ အဝတ်အစားပေါ်မူတည်ပြီး Shape ကို ရွေးတပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေကာမျက်မှန်တွေက ဖက်ရှင်ထဲမှာဆို Sensitive ဖြစ်တဲ့ Fancy ပစ္စည်းထဲမှာ ပါပါတယ်။ တချက်အရွေးမှားသွားတာနဲ့ ဝတ်ထားတဲ့အဝတ်အစားပေါ် Effect ဖြစ်နိုင်ပါတယ်။

Source: esquire.com

ပုံစံမတူတဲ့ နေကာမျက်မှန် နှစ်စုံသုံးစုံလောက် ဆောင်ထားမှ အဝတ်အစားနဲ့ လိုက်ဖက်ပြီး ဖက်ရှင်ကျစေမှာပါ။ Sunglasses ကို Cele တွေပဲတပ်ဖို့ ထုပ်ထားတာလည်းမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို အမြဲဖက်ရှင်နဲ့တသားတည်းကျအောင် နေထိုင်တဲ့သူလို့ ယူဆရင်တော့ နေကာမျက်မှန်ကို Accessory တစ်ခုအနေနဲ့ ဆောင်ထားသင့်ပါတယ်။

နေပူလို့တပ်သင့်တာလည်းဖြစ်သလို တဖက်မှာလည်း Style ရှိဖို့အတွက်လိုတယ်လေ။ Sunglasses တပ်ဖို့နေရာကို ရွေးနေစရာမလိုပါဘူး။ နေ့ဘက်ပဲသွားသွား ညဖက် Festivals တွေသွားရင်လည်း လိုလာမှာပါ။

Source: esquire.com

နေကာမျက်မှန်ကို တပ်လေ့မရှိရင်တော့ စပြီးတပ်ရင်ရှက်နေမှာပါ။ အရေးကြီးဆုံးအချက်က ကိုယ်အထာကျဖို့ပါပဲ။