[Zawgyi]

ကိုယ္ခ်စ္သူေကာင္မေလးက သဝန္တိုတက္တဲ့သူတစ္ေယာက္ လား။သဝန္တိုတယ္ဆိုတာ တစ္ခါတစ္ေလမွာခ်စ္ဖို႔ေကာင္းတဲ့အမူအရာတစ္ခုျဖစ္ေပမယ့္ တစ္ခါတစ္ေလမွာေတာ့ ေတာ္ေတာ္ေလးကိုစိတ္အေႏွာက္ျဖစ္ရပါတယ္။ဒါေၾကာင့္စာဖတ္သူ အေနနဲ႔ သဝန္တိုတက္တဲ့ခ်စ္သူေကာင္မေလးပုိင္ဆိုင္ထားရတယ္ဆိုရင္ေတာ့ သူကိုအေကာင္းဆံုးထိန္းခ်ဳပ္ကိုင္တြယ္ႏိုင္ဖို႔ ဒီအခ်က္ေလးေတြလုပ္ေဆာင္ၾကည့္ပါ။

(၁) ယံုၾကည္မႈတည္ေဆာက္ပါ

Source : wedvendors.com

Relationship တစ္ခုမွာတစ္ေယာက္အေပၚတစ္ေယာက္ ယံုၾကည္မႈကအရမ္းကိုအေရးႀကီးပါတယ္။ယံုၾကည္မႈမရွိတဲ့အခါ သံသရျဖစ္စရာအေတြးေတြဝင္လာၿပီး သဝန္တိုတာ စိုးစိတ္ရိမ္စိတ္ေတြျဖစ္လာမွာျဖစ္ပါတယ္။ဒါေၾကာင့္အေသးအမႊားကိစၥေလးကမစ ယံုၾကည္မႈတည္ေဆာက္ပါ။ကိုယ့္အေပၚအျပည့္အဝ ယံုၾကည္ေနရင္ ေတာ္ရံုသဝန္တိုတာမ်ဳိးမျဖစ္ေတာ့ပါဘူး။

(၂) စိတ္လံုျခံဳမႈေပးပါ

Source : Connect Couples Therapy & Marriage Counseling

ေကာင္မေလးအမ်ားစုသဝန္တိုတယ္ဆိုတာ သူမရဲ႕ စိတ္မွာမလံုျခံဳမႈေတြကို ခံစားေနရတာေၾကာင့္ျဖစ္ႏုိင္ပါတယ္။ဒါေၾကာင့္သူမအေနနဲ႔ သူမရဲ႕ ေနာက္ကြယ္ေဖာက္ျပန္ေနမွာ တစိမ္းမိန္းကေလးေတြနဲ႔ ရႈပ္ေနမွာ စသည့္ျဖင့္ စိတ္မလံုျခံဳစရာအရာေတြကိုအတက္ႏိုင္ဆံုေျဖေဖ်ာက္ေပးပါ။သင့္အေနနဲ႔ ဘယ္ေနရာေရာက္ေရာက္ Video Call ေခၚတာ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးထားတာမ်ဳိးစသည္ျဖင့္ သူမစိတ္ခ်ရမယ့္အေျခအေနတစ္ခုဖန္တီးေပးထားသင့္ပါတယ္။

(၃) တစိမ္းမိန္းကေလးေတြနဲ႔ အေရာတဝင္မေနပါနဲ႔

Source : gabrielefani.com

မိန္းကေလးအမ်ားစုသဝန္တိုတဲ့အဓိကအေၾကာင္းအရာက တျခားမိန္းကေလးေတြပတ္သတ္ေနလို႔ပါ။ဒါေၾကာင့္ကိုယ့္အေနနဲ႕ အလုပ္ခြင္မွာျဖစ္ေစ ဆိုရွယ္မီဒီယာေပၚမွာျဖစ္ေစ တျခားေသာမိန္းကေလးတစ္ေယာက္နဲ႔ အရမ္းႀကီးအေရာတဝင္ေနမိတာမ်ဳိးမလုပ္မိပါေစ။အတက္ႏိုင္ဆံုးသူမကိုပဲအခ်ိန္ေပးျဖစ္ေအာင္ႀကိဳးစားပါ။

 

(၄) ဒဏ္ရာေဟာင္းေတြကိုေဖ်ာက္ဖ်က္ေပးပါ

Source : Freepik

သင့္နဲ႔ မေတြ႔ခင္ တစ္ခ်ိန္မွာအခ်စ္နဲ႔ပတ္သတ္ၿပီး သူမအတြက္ ျပင္းျပင္းထန္ထန္နာက်င္ခံစားခဲ့ရဖူးတယ္ဆိုရင္ အတိတ္ရဲ႕ အရိပ္ဆိုးေတြကသူမကိုဖံုးလြမ္းေနမွာပါ။ထိုအခါမလိုအပ္ပဲ သဝန္တာမ်ဳိးျဖစ္လာမွာျဖစ္ပါတယ္။ ဒါေၾကာင့္သင့္အေနနဲ႔ သူမရဲ႕ အတိတ္ကျဖစ္ပ်က္ခဲ့တဲ့အရာေတြကို အေကာင္းဆံုးေဖ်ာက္ဖ်က္ႏိုင္ဖို႔ ကူညီသင့္ပါတယ္။သဝန္မိန္းကေလးတိုင္းလုိလုိ အခုလိုခံစားခ်က္မ်ဳိး ရွိတတ္ပါတယ္။ဒီလိုမွမဟုတ္ပဲ အခ်စ္ေရးမွာ လိမ္ညာလွည့္ဖ်ားခံခဲ့ရဖူးတာပဲျဖစ္ေစ နာက်င္စရာအတိတ္ေဟာင္းတစ္ခုရွိခဲ့ရင္ ျဖစ္ေစသူမအတြက္ အဲ့ဒီပံုရိပ္ေတြဟာ ေဖ်ာက္ဖ်က္ရခက္ခဲေနမွာျဖစ္ၿပီး သင့္ကိုလည္းလိုတာထက္ သဝန္တိုေနမိမွာျဖစ္ပါတယ္။

[Unicode]

ကိုယ်ချစ်သူကောင်မလေးက သဝန်တိုတက်တဲ့သူတစ်ယောက်လား။သဝန်တိုတယ်ဆိုတာ တစ်ခါတစ်လေမှာချစ်ဖို့ကောင်းတဲ့အမူအရာတစ်ခုဖြစ်ပေမယ့် တစ်ခါတစ်လေမှာတော့ တော်တော်လေးကိုစိတ်အနှောက်ဖြစ်ရပါတယ်။ဒါကြောင့်စာဖတ်သူ အနေနဲ့ သဝန်တိုတက်တဲ့ချစ်သူကောင်မလေးပိုင်ဆိုင်ထားရတယ်ဆိုရင်တော့ သူကိုအကောင်းဆုံးထိန်းချုပ်ကိုင်တွယ်နိုင်ဖို့ ဒီအချက်လေးတွေလုပ်ဆောင်ကြည့်ပါ။

(၁) ယုံကြည်မှုတည်ဆောက်ပါ

Source : wedvendors.com

Relationship တစ်ခုမှာတစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုကအရမ်းကိုအရေးကြီးပါတယ်။ယုံကြည်မှုမရှိတဲ့အခါ သံသရဖြစ်စရာအတွေးတွေဝင်လာပြီး သဝန်တိုတာ စိုးစိတ်ရိမ်စိတ်တွေဖြစ်လာမှာဖြစ်ပါတယ်။ဒါကြောင့်အသေးအမွှားကိစ္စလေးကမစ ယုံကြည်မှုတည်ဆောက်ပါ။ကိုယ့်အပေါ်အပြည့်အဝ ယုံကြည်နေရင် တော်ရုံသဝန်တိုတာမျိုးမဖြစ်တော့ပါဘူး။

(၂) စိတ်လုံခြုံမှုပေးပါ

Source : Connect Couples Therapy & Marriage Counseling

ကောင်မလေးအများစုသဝန်တိုတယ်ဆိုတာ သူမရဲ့ စိတ်မှာမလုံခြုံမှုတွေကို ခံစားနေရတာကြောင့်ဖြစ်နိုင်ပါတယ်။ဒါကြောင့်သူမအနေနဲ့ သူမရဲ့ နောက်ကွယ်ဖောက်ပြန်နေမှာ တစိမ်းမိန်းကလေးတွေနဲ့ ရှုပ်နေမှာ စသည့်ဖြင့် စိတ်မလုံခြုံစရာအရာတွေကိုအတက်နိုင်ဆုံဖြေဖျောက်ပေးပါ။သင့်အနေနဲ့ ဘယ်နေရာရောက်ရောက် Video Call ခေါ်တာ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးထားတာမျိုးစသည်ဖြင့် သူမစိတ်ချရမယ့်အခြေအနေတစ်ခုဖန်တီးပေးထားသင့်ပါတယ်။

(၃) တစိမ်းမိန်းကလေးတွေနဲ့ အရောတဝင်မနေပါနဲ့

Source : gabrielefani.com

မိန်းကလေးအများစုသဝန်တိုတဲ့အဓိကအကြောင်းအရာက တခြားမိန်းကလေးတွေပတ်သတ်နေလို့ပါ။ဒါကြောင့်ကိုယ့်အနေနဲ့ အလုပ်ခွင်မှာဖြစ်စေ ဆိုရှယ်မီဒီယာပေါ်မှာဖြစ်စေ တခြားသောမိန်းကလေးတစ်ယောက်နဲ့ အရမ်းကြီးအရောတဝင်နေမိတာမျိုးမလုပ်မိပါစေ။အတက်နိုင်ဆုံးသူမကိုပဲအချိန်ပေးဖြစ်အောင်ကြိုးစားပါ။

 

(၄) ဒဏ်ရာဟောင်းတွေကိုဖျောက်ဖျက်ပေးပါ

Source : Freepik

သင့်နဲ့ မတွေ့ခင် တစ်ချိန်မှာအချစ်နဲ့ပတ်သတ်ပြီး သူမအတွက် ပြင်းပြင်းထန်ထန်နာကျင်ခံစားခဲ့ရဖူးတယ်ဆိုရင် အတိတ်ရဲ့ အရိပ်ဆိုးတွေကသူမကိုဖုံးလွမ်းနေမှာပါ။ထိုအခါမလိုအပ်ပဲ သဝန်တာမျိုးဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့်သင့်အနေနဲ့ သူမရဲ့ အတိတ်ကဖြစ်ပျက်ခဲ့တဲ့အရာတွေကို အကောင်းဆုံးဖျောက်ဖျက်နိုင်ဖို့ ကူညီသင့်ပါတယ်။သဝန်မိန်းကလေးတိုင်းလိုလို အခုလိုခံစားချက်မျိုး ရှိတတ်ပါတယ်။ဒီလိုမှမဟုတ်ပဲ အချစ်ရေးမှာ လိမ်ညာလှည့်ဖျားခံခဲ့ရဖူးတာပဲဖြစ်စေ နာကျင်စရာအတိတ်ဟောင်းတစ်ခုရှိခဲ့ရင် ဖြစ်စေသူမအတွက် အဲ့ဒီပုံရိပ်တွေဟာ ဖျောက်ဖျက်ရခက်ခဲနေမှာဖြစ်ပြီး သင့်ကိုလည်းလိုတာထက် သဝန်တိုနေမိမှာဖြစ်ပါတယ်။