ပုရိသတို့အနေနဲ့ အဝတ်အစားနဲ့ပတ်သက်ပြီး ခေါင်းရှုပ်မခံချင်ကြသလို နေရာတိုင်းအတွက် သင့်လျော်နေစေမယ့် item မျိုးကိုပဲ ရွေးချယ်ကြလေ့ရှိပါတယ်။ အများစုရွေးကြတာကတော့ polo shirt ပဲဖြစ်ပါတယ်။သို့သော်လည်း polo shirt ပြောင်တွေဟာ ဘယ်နေရာမဆိုဝတ်ဆင်နိုင်ပေမဲ့ တည်ငြိမ်မှုဆောင်ပြီး အရမ်းရိုးရှင်းစွာဝတ်မယ်ဆို ဆွဲဆောင်မှုလျော့ကျစေနိုင်ပါတယ်။ယခုလိုဖက်ရှင်ခေတ်မှာတော့ အနည်းငယ်ပြင်ဆင်တတ်ရင် ပိုလိုရှပ်ကလဲ ဖက်ရှင်ကျတဲ့itemတစ်ခုဖြစ်လာနိုင်တာမို့ ဘလိုဝတ်ဆင်သင့်လဲဖော်ပြပေးလိုက်ပါတယ်။

(၁) ကြယ်သီးမပါတဲ့ကော်လန်နဲ့ ပိုလိုရှပ်မျိုးဝတ်ဆင်ခြင်း

Source : Fashionbeans

ကော်လန်မှာ ကြယ်သီးဖြုတ်ဝတ်ရင် အထာကျတာမှန်ပါတယ်။ဒါပေမဲ့လူကြီးလူကောင်းဆန်ဆန်နဲ့ အထာကျနေစေဖို့ဆိုရင်တော့ ကြယ်သီးမပါပဲ ကော်လံမျိုးကို ရွေးချယ်လိုက်ပါ။ chino pantsနဲ့ loaferလို လည်သာရှူးဖိနပ်မျိုးနဲ့သာဆိုရင် လုံးဝမိုက်နေစေမှာပါ။

(၂) Suit နဲ့ တွဲဝတ်ခြင်း

Source : Fashionbeans

Business causal ဆန်ဆန်ဝတ်ချင်ရင်တော့ polo shirtကို suitနဲ့တွဲဝတ်ပေးခြင်းက အလိုက်ဖက်ဆုံးနဲ့ စတိုင်အကျဆုံးပါပဲ။ suitကာလာရွေးချယ်ရာမှာတော့ အခြေခံကာလာတွေဖြစ်တဲ့ နက်ပြာ၊မီးခိုးနဲ့ အနက်ရောင်တွေက အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ သာမန်အရောင်တွေနဲ့ ခွဲထွက်မယ်ဆိုရင်လဲ အနီးစပ်ဆုံးအရောင်တွေ တွဲဖက်ဝတ်ဆင်ပေးခြင်းက အကောင်းဆုံးပါပဲ။

(၃) အစင်းပါတဲ့ polo shirtမျိုးဝတ်ဆင်ခြင်း

Source : Fashionbeans

Polo shirtမှာပြောင်ထက် ပိုပြီးစတိုင်ကျစေတာကတော့ အစင်းကြောင်းပါတဲ့ polo shirtတွေပဲဖြစ်ပါတယ်။ အစင်းကြောင်းဆိုရာမှာ အလျားလိုက် အစင်းကြောင်းထက် ဒေါင်လိုက်အစင်းမျိုးကို ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် ခပ်ထင်းထင်းနဲ့ အစင်းကြားကြီးတဲ့ polo shirt မျိုးက ဘယ်လိုဘောင်းဘီမျိုး ဖိနပ်မျိုးနဲ့မဆို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

(၄) အရောင်ဖျော့တဲ့ ပိုလိုရှပ်မျိုးဝတ်ဆင်ခြင်း

Source : Fashionbeans

တည်ငြိမ်မှုနဲ့ လူကြီးဆန်စေတဲ့ polo shirtကိုမှ လူငယ်တွေအနေနဲ့ ပေါ့ပါးတဲ့အသွင်လဲဆောင်စေချင်တယ်ဆိုရင်ရွေးချယ်ရမှာကတော့ အဖြူနဲ့မီးခိုးဖျော့လို ကြားရောင်တွေပဲဖြစ်ပါတယ်။ ဒီအရောင်တွေက သင့်ကိုလူငယ်ဆန်ပြီး နူးညံ့ကြင်နာတတ်တဲ့ပုရိသတွေအဖြစ် အသွင်ဆောင်စေမှာပါ။