အလန်းစား Music တစ်ခုဖြစ်တဲ့ EDM ကို နှစ်သက်သဘောကျတဲ့ မြန်မာနိုင်ငံက ပရိသတ်ကြီးအတွက် ဒုတိယအကြိမ် EDM Music Festival ကြီးကို ကျင်းပပေးတော့ မှာဖြစ်ပါတယ်။

Source: thebubble.com

Electronic Dance Music လို့အဓိပ္ပါယ်ရတဲ့ EDM Music ဟာ ကမ္ဘာပေါ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၄၀ခန့်က စပြီး လူကြိုက်များတွင်ကျယ် လာခဲ့တာဖြစ်ပါတယ်။ မီးရောင်စုံတွေကြားမှာ အမိုက်စားတေးဂီတ တွေနဲ့ လူငယ်တွေရဲ့ ပျော်ရွှင်မြူးတူးမှုတွေကို သီးသန့်အနုပညာတစ်ခု အနေနဲ့ ဖော်ဆောင်ပေးနိုင်တဲ့ EDM ပဲဖြစ်ပါတယ်။

Source: 2cents

၂၀၁၆ခုနှစ်ရဲ့ နိုဝင်ဘာလမှာ နယ်သာလန်အခြေစိုက် ‘ We Are Connected ‘ အဖွဲ့ ကလာရောက် ဖျော်ဖြေခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး EDM ပွဲဖြစ်ခဲ့ပြီး နိုင်ငံတစ်ဝန်းမှ ပရိသတ်များက တခဲနက် အားပေး ခဲ့ကြပါတယ်။

Source: Frontier Myanmar

မြန်မာနိုင်ငံရဲ့ EDM ချစ်သူများအတွက် ဒုတိယအကြိမ်မြောက် EDM Music Festival ကို ကျင်းပပေးဖို့ အတွက် စီစဉ်နေပါပြီ။ ပရိသတ်တွေ ပျော်ရွှင်စွာ EDM Music ကြားမှာ စီးမျော နိုင်မှာ ဖြစ်ပါတယ်။

 

Source: xshyfc.com

ဒုတိယအကြိမ်မြောက် EDM ပွဲကို ယခုစက်တင်ဘာ (၁၅)ရက်နေ့မှာ ရန်ကုန်မြို့၊သုဝဏ္ဍဘူမိ Event Park မှာကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: watchthedj.com

နယ်သာလန်နိုင်ငံမှ ကမ္ဘာကျော် အဖွဲ့ဖြစ်တဲ့ ALDA Events ၊ ထိုင်းနိုင်ငံမှ Retox Sessions တို့နှင့် မြန်မာနိုင်ငံမှ H-Life Entertainment အဖွဲ့တို့က ပူးပေါင်းဖျော်ဖြေ ပေးကြမှာ ဖြစ်ပါတယ်။