အလုပ်ကိစ္စ၊ လူမှုရေးကိစ္စတွေကြောင့် စိတ်ဖိစီးမှုတွေဖြစ်နေပြီလား။ ကိုယ်အသုံးပြုနေကြအဝတ်အစားဒီဇိုင်းတွေကို ယခုထက်ပိုပြီး အဆင့်မြှင့်တင်ကြည့်လိုက်ပါ။ စိတ်ရောကိုယ်ပါလန်းဆန်းသွားတဲ့ ခံစားမှုမျိုးကို ရရှိလာပါလိမ့်မယ်။

ပေါ့ပါးတဲ့ဘောင်းဘီစတိုင်

Source: clothingarts.co

အလုပ်ထဲမှာတာဝန်တွေပိပြီး စိတ်တွေညစ်ညူးနေပြီလား။ စိတ်အပြောင်းအလဲဖြစ်အောင် စတိုင်လည်းကျ လုပ်ငန်းခွင်နဲ့လည်းသင့်တော်တဲ့ ဘောင်းဘီအမျိုးအစားမျိုးကို ပြောင်းလဲဝတ်ဆင်ကြည့်လိုက်ပါ။

လူကြီးလူကောင်းစတိုင်ဂျာကင်

Source: The Idle Man

အပေါ်အင်္ကျီဂျာကင်တွေဟာ အများကြီးရှိဖို့မလိုအပ်ပါဘူး။ ဒါပေမယ့် ကိုယ်ဝတ်နေကျ ဂျာကင်တွေက ဟောင်းနွမ်းနေပြီလား။ ဒါဆိုရင်တော့ တကယ့်ကိုစတိုင်ကျပြီး ဂန္တဝင်မြောက်တဲ့ ဂျာကင်ဒီဇိုင်းတွေကို ပြောင်းလဲကြည့်သင့်ပါပြီ။

ကျောပိုးအိတ်

Source: kickstarter.com

လုပ်ငန်းခွင်အတွက်ဖြစ်စေ၊ ကျောင်းစာသင်ခန်းအတွက်ဖြစ်စေ ကျောပိုးအိတ်တွေဟာ အသုံးပြုသူတွေကို လူငယ်ဆန်စေပြီး စတိုင်ကျပေါ့ပါးစေပါတယ်။ ဒါပေမယ့် အခုသုံးနေတဲ့ကျောပိုးအိတ်က ဟောင်းနွမ်းနေပြီဆိုရင် ကိုယ်ပါအရောင်မှိန်သွားနိုင်ပါတယ်။ ဒီတော့ နောက်ဆုံးပေါ်ဒီဇိုင်းနဲ့ ကျောပိုးအိတ်တစ်လုံးကို အမြန်ရွေးချယ်လိုက်ပေါ့။

ဖိနပ်

Source: paulshoes.com

နေ့စဉ်ဖြတ်ကျော်နေရတဲ့ဘဝအတွက် အရေးအပါဆုံး အသုံးအဆောင်တစ်ခုဖြစ်ပါတယ်။ ဖိနပ်တစ်ရံဟာ ကိုယ်နဲ့သင့်တော်အဆင်ပြေတဲ့အခါမှာ အရမ်းအသုံးတည့်ပေမယ့် ကိုယ့်ခြေထောက်နဲ့ အဆင်မပြေတဲ့အခါမှာ ဘယ်လောက်တန်ဖိုးရှိတဲ့ဖိနပ်ဖြစ်ပါစေ အသုံးမ၀င်နိုင်ပါဘူး။ သင့်ခြေထောက်အတွက် သက်သောင့်သက်သာရှိနိုင်တဲ့ ဒီဇိုင်းမိုက်မိုက်ဖိနပ်တစ်ရံကို ရွေးချယ်ကြည့်လိုက်ပါ။