၁၉၉၀ ခုနှစ်တွေထဲမှာ မွေးဖွားလာခဲ့တဲ့သူတွေဟာ လက်ရှိမှာ အကောင်းဆုံးသော Music Generations တွေကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဆယ်ကျော်သက်အရွယ်ကို ကျော်သွားပြီဖြစ်ပေမယ့် အကောင်းဆုံးဖြစ်ပွားခဲ့တဲ့ အရာတွေကို ဖော်ပြလိုက်ပါတယ်။
ဘယ်သူကမှ Indie Music ကို အက Dance Music နဲ့ တွဲဖက်ဖို့ စိတ်ကူးမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် Happy Mondays နဲ့ Primal Scream တို့ပူးပေါင်းခဲ့တဲ့ Give Out But Don’t Give Up ဟာ ဘယ်သူမှမလုပ်ဖူးခဲ့တဲ့ Indie/Dance Music ဖြစ်လာပါတယ်။
ဒီ ၂၀၀၀ ခုနှစ်မတိုင်ခင်မှာ မွေးဖွားခဲ့တဲ့သူတွေဖြစ်တဲ့အတွက် Millennium အကြောင်း သီချင်းတွေက ကြီးပြင်းလာတဲ့အထဲမှာ ပါဝင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ Robbie Williams ၊ Matthew Sweet ရဲ့ Millennium Blues ၊ Dream Theater ရဲ့ New Millennium တွေက ၉၀ ခုနှစ်ဖွားတွေရဲ့ အကောင်းဆုံးအရာတွေပါ။
အရင်တုန်းက Rock နဲ့ Rap ဟာ သီးခြားစီဖြစ်နေတဲ့ အရာတွေပါ။ ဒါပေမယ့် ၁၉၉၀ ခုနှစ်ထဲမှာတော့ The Chemical Brothers ၊ Beck ၊ Anthrax တို့က စတင်ပြီးတော့ သူတို့ရဲ့ Rock Concert တွေမှာ Rapping တွေကို စတင်ထည့်သွင်းလာခဲ့ပါတယ်။
ဘောလုံးသီချင်းတွေဟာ အခြားသော အနုပညာရှင်တွေ၊ ကိစ္စရပ်တွေအကြောင်း ဆိုတဲ့နေရာမှာ ကောင်းတယ်လို့ ပြောလို့ရတဲ့သီချင်းတွေဟာ နည်းပါးနေပါတယ်။ ဒါပေမယ့် ၁၉၉၀ ခုနှစ်မှာတော့ Space ၊ Spice Girls နဲ့ တခြားတော့ Vindaloo လိုမျိုး သီချင်းတွေက ဘောလုံးပွဲပရိသတ်တွေအတွက် အကောင်းဆုံးသီချင်းတွေကို ဖန်တီးပေးလာခဲ့ပါတယ်။