မိဘတိုင်းဟာသားသမီးတွေကို အောင်မြင်မှုကျော်ကြားသူတွေ ဖြစ်စေချင်ကြပါတယ်။ ဒီလိုစိတ်အား ထက်သန်မှုတွေနဲ့ သားသမီးတွေရဲ့ဘ၀ကို ပုံဖော်ကြတဲ့အခါမှာ တခါတလေအမှားအယွင်းတွေဖြစ်တတ်ပါတယ်။

ဖိအားပေးစေခိုင်းမှုတွေ

Source: The Jakarta Post

ဒါဖြစ်ကိုဖြစ်ရမယ်၊ ဒါလုပ်ကိုလုပ်ရမယ်ဆိုတဲ့ အမိန့်တွေနဲ့ သားသမီးတွေကို အတင်းအကြပ်ခိုင်းစေတာဟာ မှားယွင်းတဲ့နည်းလမ်းတစ်ခုပါပဲ။ ဒီလိုပြုမှုခြင်းအားဖြင့် သားသမီးနဲ့မိဘကြားမှာ သူစိမ်းဆန်တဲ့စည်းတွေ ခြားသွားနိုင်ပါတယ်။

သားသမီးတွေကို ကိုယ့်ကိုယ်စား ပုံဖော်ခိုင်းမှုတွေ

Source: CNN.com

ကိုယ်ငယ်စဉ်ကဖြစ်ချင်ပေမယ့် မဖြစ်ခဲ့ရတဲ့အလုပ်တွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ ဥပမာ-ဆရာဝန်ဖြစ်ချင်ပေမယ့် မဖြစ်ခဲ့ရတာမျိုးပေါ့။ ဒါကို သားသမီးတွေအလှည့်မှာ မရရအောင်လုပ်ရမယ်ဆိုတဲ့ အတွေးမျိုးတွေနဲ့ မှားယွင်းတဲ့ပုံဖော်မှုတွေဖြစ်တတ်ပါတယ်။

ဒါကသားသမီးတွေရဲ့ အနာဂတ်ပျောက်ဆုံးသွားရလောက်အောင် အန္တရာယ်များအယူအဆကြီးတစ်ခုပဲဖြစ်ပါတယ်။

ဆွေးနွေးညှိနှိုင်းမှုမလိုဘူးလို့ ယူဆတာတွေ

Source: The Spruce

သားသမီးက အမြဲမိဘစကား တသွေမတိမ်းနားထောင်ရမယ်ဆိုတဲ့ ရှေးရိုးဆန်တဲ့အတွေးတွေ မိဘတွေမှာရှိနေနိုင်ပါတယ်။ ဒါမကောင်းတဲ့ လက္ခဏာတစ်ခုပါ။ အမြဲညှိနှိုင်းတိုင်ပင်ဆွေးနွေးမှုတွေလုပ်ပြီး သားသမီးတွေရဲ့ လေးစားချစ်ခင်မှုကိုရယူလိုက်ပါ။

အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ချင်တာတွေ

Source: autolle.co.il

ကိုယ့်သားသမီးတွေကို ဘေးကနေ လိုလေးသေးမရှိဖြည့်ဆည်းပေးချင်တတ်တာ မိဘတိုင်းရဲ့စေတနာပါ။ ဒါပေမယ့် စေတနာကအရှိန်လွန်သွားတဲ့အခါ သားသမီးတွေအနေနဲ့ ကိုယ့်အားကိုယ်ကိုးချင်စိတ်တွေပျောက်ဆုံးပြီး လူ့ဘော်ကြော့လေးတွေ ဖြစ်သွားနိုင်ပါတယ်။