Punk Rock ပုံစံမျိုး အဆိုတော်တွေက များသောအားဖြင့် ကောင်လေးတွေပဲဖြစ်နေတတ်တာကို မြင်မိမှာပါ။ အဲ့ဒီထဲမှာမှ ကွီးတို့အတွက် ပုံမှန်မြင်နေကြ Punk Rock Band တွေကနေ ခွဲထွက်လာခဲ့တဲ့ အဆိုတော်မလေး Chrissy Costanza ဦးဆောင်တဲ့ Against The Current Band အကြောင်းကို ပြောပြပေးသွားချင်ပါတယ်။

Source: genius.com

Chrissy Costanza က ယခင်တုန်းက YouTube မှာ Cover ဆိုနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ Against The Current Band ဟာလည်း သူအပါအဝင် ၃ ယောက်ပဲရှိတာဖြစ်ပါတယ်။ ဒါပေမယ့် Mini Album တွေများစွာထွက်ရှိပြီးသလိုပဲ နောက်ဆုံးထွက်ရှိထားတဲ့ In Our Bones Album ကလည်း လူကြိုက်များပြီး အခုဆိုရင် World Tour တွေတောင် သွားနေရပြီပဲဖြစ်ပါတယ်။

Source: genius.com

Against The Current Band ကို အရင်ဆုံးစမ်းပြီးနားထောင်ကြည့်ချင်ရင်တော့ သူတို့ရဲ့ Gravity EP Mini Album ကိုပဲ ညွန်းရမှာပါ။ Gravity သီချင်းဟာလည်း အလွန်ပေါက်သွားခဲ့ပြီးတော့ Chrous ဖြစ်တဲ့ “You are my gravity” စာသားကလည်း နားမထောင်နေရင်တောင်မှ စိတ်ထဲမှာ စွဲကျန်နေမှာ အသေအချာပါပဲ။ နောက်ထပ်သီချင်းတစ်ပုဒ်ကို ညွန်းပါဆိုရင်တော့ Fireproof ပဲဖြစ်မှာပါ။ မယုံကြည်နိုင်လောက်အောင် ပြင်းထန်တဲ့ Bass တွေနဲ့ Vocal တွေက စိတ်ရှုပ်ထွေးနေတဲ့အချိန်မှာ နားထောင်ဖို့ အကောင်းဆုံးသီချင်းတစ်ပုဒ်ပါ။

Gravity Album နဲ့ စပြီးရင်တော့ In Our Bones Album ကိုပါ Recommend ပေးရမှာပါ။ In Our Bones Album က Gravity တုန်းကလိုမျိုး ဆယ်ကျော်သက်အရွယ်ခံစားမှုတွေကို လွတ်လွတ်လပ်လပ်ပေါက်ကွဲထားတဲ့ Punk Rock Style သီချင်းတွေထက် ပိုပြီး စိတ်ခံစားချက်လေးနက်လာတဲ့ Album တစ်ခုလည်းဖြစ်ပါတယ်။

In Our Bones Albums မှာ မပြောမဖြစ်ပြောရမှာကတော့ Forget Me Now သီချင်းကို ပြောရမှာပါ။ လွတ်လွတ်လပ်လပ်နဲ့ ယခင်အတိတ်ကို ပြန်သွားနေတဲ့ ခပ်စွာစွာကောင်မလေးတစ်ယောက်ရဲ့ တည်ငြိမ်ပြီး စူးရှတဲ့အသံတွေက ထပ်ပြီး စွဲနေစေပြန်ပါတယ်။ နောက်ပိုင်းမှာတော့ Chasing Ghosts လိုမျိုး Chorus က အရမ်းအပြင်းစားမဟုတ်ပေမယ့် စိတ်ထဲမှာ စွဲသွားစေပြီးတော့ Vocal တွေအပြင် နောက်ခံ Melody ကပါ စွဲလန်းစေတဲ့ သီချင်းတွေကို နားဆင်ရမှာပါ။

Source: genius.com

အခုလိုမျိုး Against The Current Band ဟာ အခုမှ ၂၀ ကျော်ပဲရှိသေးတဲ့ Chrissy Costanza ဦးဆောင်တဲ့ ရှားရှားပါးပါး မိန်းကလေးအဆိုတော် Punk Rock Band တစ်ခုဖြစ်ပြီးတော့ YouTube Cover တွေဆိုနေတာကနေ အခုလိုမျိုး အောင်မြင်လာနိုင်တယ်ဆိုတာကိုပါ ပြသခဲ့တဲ့ အဖွဲ့ဆိုရင်လည်းမမှားပါဘူး။