[Zawgyi]

Woking Alone ဟာ လြတ္လပ္တာေတာ့ မွန္ပါတယ္။ ဒါေပမယ့္လည္း မေနတတ္ရင္ ပ်င္းစရာေကာင္းပါတယ္။ တစ္ေယာက္တည္း အလုပ္လုပ္ေနခ်ိန္မွာ အာရံုစူးစိုက္မႈ ပိုေကာင္းေစဖို ့နဲ ့စိတ္ဓါတ္တက္ၾကြေနေစဖို ့ဆိုရင္ အခုေျပာမယ့္ အခ်က္ေတြ လုပ္ၾကည့္သင့္ပါတယ္။

(၁) ဂီတ

Source: Unsplash

သီခ်င္းေတြဟာ ကိုယ့္စိတ္ Mood ကို အမ်ားၾကီး ေျပာင္းလဲေစႏုိင္ပါတယ္။အခန္းထဲမွာ တစ္ေယာက္တည္း အလုပ္လုပ္ရင္း ျငီးေငြ ့လာျပီဆိုရင္ သီခ်င္းအက်ယ္ႀကီး ဖြင့္ျပီး နားေထာင္လိုက္တာနဲ ့လံုးဝ Mood ေျပာင္းသြားပါလိမ့္မယ္။

(၂) ေနရာအေျပာင္းအလဲ

Source: Pixabay

ကိုယ္ျမင္ေနရတဲ့ ျမင္ကြင္းဟာ ကိုယ့္ရဲ့ စိတ္အေျခအေနေပၚ သက္ေရာက္မႈရိွပါတယ္။ Freelancer လိုမ်ိဳး ေရာက္ေလရာ အရပ္ကေန အလုပ္လုပ္လို ့ရတဲ့ သူေတြဟာ အျမဲတမ္း အိမ္မွာပဲ ထိုင္ျပီး အလုပ္လုပ္ေနတာထက္ စာရင္ တိတ္ဆိတ္ေအးခ်မ္းတဲ့ ေကာ္ဖီဆိုင္လို ၊ ပန္းျခံလိုေနရာမ်ိဳးမွာ သြားျပီး အလုပ္လုပ္လိုက္ရင္ကိုပဲ ေနရာအေျပာင္းအလဲေၾကာင့္ စိတ္လည္း ႏိုးၾကားဆန္းသစ္လာပါလိမ့္မယ္။

(၃) ဝါသနာေလးမ်ား

Source: Pixabay

တစ္ေယာက္တည္း အလုပ္လုပ္ရင္း ျငီးေငြ ့လာခ်ိန္မွာ စိတ္အပန္းေျပေစမယ့္ ကိုယ့္ရဲ့ ဝါသနာေလးေတြကို လုပ္ၾကည့္သင့္ပါတယ္။ ဥပမာ- FIFA ဂိမ္းကစားတာ ၊ CounterStrike ပစ္တာ ၊ စာအုပ္ေကာင္းတစ္အုပ္ ဖတ္တာလိုမ်ိဳး ဝါသနာတစ္ခုခုု လုပ္လိုက္တာနဲ ့စိတ္လည္း ရႊင္လန္းသြားေစသလို ေနာက္တစ္ခါ အလုပ္စားပဲြမွာ ထုိင္လုပ္ရတဲ့အခါ အလုပ္လည္း တြင္လာမွာပါ။

 

[Unicode]

Woking Alone ဟာ လွတ်လပ်တာတော့ မှန်ပါတယ်။ ဒါပေမယ့်လည်း မနေတတ်ရင် ပျင်းစရာကောင်းပါတယ်။ တစ်ယောက်တည်း အလုပ်လုပ်နေချိန်မှာ အာရုံစူးစိုက်မှု ပိုကောင်းစေဖို့နဲ့စိတ်ဓါတ်တက်ကြွနေစေဖို့ဆိုရင် အခုပြောမယ့် အချက်တွေ လုပ်ကြည့်သင့်ပါတယ်။

(၁) ဂီတ

Source: Unsplash

သီချင်းတွေဟာ ကိုယ့်စိတ် Mood ကို အများကြီး ပြောင်းလဲစေနိုင်ပါတယ်။အခန်းထဲမှာ တစ်ယောက်တည်း အလုပ်လုပ်ရင်း ငြီးငွေ့လာပြီဆိုရင် သီချင်းအကျယ်ကြီး ဖွင့်ပြီး နားထောင်လိုက်တာနဲ့လုံးဝ Mood ပြောင်းသွားပါလိမ့်မယ်။

(၂) နေရာအပြောင်းအလဲ

Source: Pixabay

ကိုယ်မြင်နေရတဲ့ မြင်ကွင်းဟာ ကိုယ့်ရဲ့ စိတ်အခြေအနေပေါ် သက်ရောက်မှုရှိပါတယ်။ Freelancer လိုမျိုး ရောက်လေရာ အရပ်ကနေ အလုပ်လုပ်လို့ရတဲ့ သူတွေဟာ အမြဲတမ်း အိမ်မှာပဲ ထိုင်ပြီး အလုပ်လုပ်နေတာထက် စာရင် တိတ်ဆိတ်အေးချမ်းတဲ့ ကော်ဖီဆိုင်လို ၊ ပန်းခြံလိုနေရာမျိုးမှာ သွားပြီး အလုပ်လုပ်လိုက်ရင်ကိုပဲ နေရာအပြောင်းအလဲကြောင့် စိတ်လည်း နိုးကြားဆန်းသစ်လာပါလိမ့်မယ်။

(၃) ဝါသနာလေးများ

Source: Pixabay

တစ်ယောက်တည်း အလုပ်လုပ်ရင်း ငြီးငွေ့လာချိန်မှာ စိတ်အပန်းပြေစေမယ့် ကိုယ့်ရဲ့ ဝါသနာလေးတွေကို လုပ်ကြည့်သင့်ပါတယ်။ ဥပမာ- FIFA ဂိမ်းကစားတာ ၊ CounterStrike ပစ်တာ ၊ စာအုပ်ကောင်းတစ်အုပ်ဖတ်တာလိုမျိုး ဝါသနာတစ်ခုခု လုပ်လိုက်တာနဲ့စိတ်လည်း ရွှင်လန်းသွားစေသလို နောက်တစ်ခါ အလုပ်စားပွဲမှာ ထိုင်လုပ်ရတဲ့အခါ အလုပ်လည်း တွင်လာမှာပါ။