လူ့ဦးနှောက်ထဲကနေ စိတ်ကို ပျော်ရွှင်ကျန်းမာစေတဲ့ ဟော်မုန်းတစ်မျိုး ထုတ်ပေးနေတယ်ဆိုတာက ထူးထူးဆန်းဆန်းပါပဲ။ တကယ်တော့ အဲဒီဟော်မုန်းတွေကို  ဦးနှောက်က တကယ်ထုတ်ပေးနေတာပါ။

အင်ဒိုဖင်း ခေါ် ဟော်မုန်းတစ်မျိုး

Source: http://www.psychologium.com/

လူတွေရဲ့ ဦးနှောက်ထဲမှာ နေလို့ကောင်း ထိုင်လို့ကောင်းစေတဲ့ ဓာတုပစ္စည်း အင်ဒိုဖင်း (Endorphins) ဓာတ်ဟာ ထွက်လာတတ်ပါတယ်။ ဒီဓာတ်တစ်မျိုး ဦးနှောက်ထဲက ထွက်လာတဲ့အခါမှာ လူဟာ နေရအဆင်ပြေပြီး ပျော်ရွှင်လာစေပါတယ်။

ဟော်မုန်းရဲ့ ကောင်းကျိုးများ

Source: https://static.ca-news.org/

ဒီဓာတ်ဟာ လူ့ရဲ့ စိတ်ကို တက်ကြွခိုင်မာစေပြီး ကြည်လင်လန်းဆန်းစေပြီး နာကျင်ကိုက်ခဲမှုတွေ မရှိအောင်လုပ်ပေးပါတယ်။ ဒီတော့ ဒီဓာတ်တွေကို ဦးနှောက်ထဲက ထွက်လာအောင် ဘယ်လိုလုပ်ကြမလဲ။ ဘယ်လိုအပြုအမူတွေက အင်ဒိုဖင်းဓာတ်တွေကို ထွက်လာစေမှာလဲ။

ကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်ပေးခြင်း

Source: https://www.healthreflect.com/

ကိုယ်ကာယ လေ့ကျင့်ခန်းတွေ လုပ်ပေးတဲ့အခါမျိုးဟာ စိတ်ဟာ လန်းဆန်းတက်ကြွလာပြီး ပျော်ရွှင်စေတဲ့ ဟော်မုန်းဓာတ်ကို ဦးနှောက်ကနေ ထုတ်လွှတ်ပေးပါတယ်။ ဒီတော့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းအားဖြင့် ဦးနှောက်တွင်းက ပျော်ရွှင်စေတဲ့ ဟော်မုန်းဓာတ်တွေ ထွက်လာအောင် လုပ်လို့ရပါတယ်။

စိတ်လွတ်ကိုယ်လွတ် အော်ဟစ်ပစ်ခြင်း

Source: http://gethiredfast.com/

ကိုရီးယားကားတွေထဲကလို ကမ်းခြေနေရာ၊ လူသူ ကင်းမဲ့တဲ့နေရာ၊ ဆိပ်ကမ်း၊ လဟာပြင် ဒီလိုနေရာတွေမှာ ကိုယ် အော်ချင်တဲ့ အရာတွေ၊ စကားတွေကို အကျယ်ကြီး အော်ဟစ်ပစ်လိုက်ပါ။ ဒီလို စိတ်လွတ်ကိုယ်လွတ်အော်ဟစ်လိုက်ခြင်းအားဖြင့် ပျော်ရွှင်စေတဲ့ ဟော်မုန်းဓာတ် ထွက်ပေါ်လာပါလိမ့်မယ်။

သီချင်းဆိုခြင်း

Source: kleberpatricio.com.br

တေးသီချင်းတွေ သီဆိုပစ်လိုက်တာဟာ စိတ်ရဲ့ထွက်ပေါက်လို့ လူတွေက ပြောကြပါတယ်။ ခုတော့ ပျော်ရွှင်စေတဲ့ ဟော်မုန်းရဲ့ ထွက်ပေါက်တစ်ခုလည်း ဖြစ်ပါတယ်။ တေးသီချင်းတွေကို သီဆိုလိုက်တဲ့အခါမှာ ပျော်ရွှင်ကျန်းမာစေတဲ့ ဟော်မုန်းဟာ ဦးနှောက်ထဲကနေ ထွက်လာပါတယ်။

တေးသီချင်းများ နားဆင်ခြင်း

Source: https://frontiersinblog.files.wordpress.com/

တေးသီချင်းတွေ နားဆင်တဲ့အခါမှာလည်း အဲဒီဟော်မုန်းဓာတ်က ထွက်ပေါ်လာပါတယ်။ ဒီတော့ ပျော်ရွှင်ကျန်းမာလိုသူတိုင်း တေးသီချင်းတွေ နားဆင်ပေးဖို့ လိုအပ်ပါတယ်။ ဒီလို တေးသီချင်းတွေ နားဆင်ခြင်းအားဖြင့် ပျော်ရွှင်ကျန်းမာတဲ့ ဘဝကို တည်ဆောက်နိုင်ပါတယ်။

ကခုန်ခြင်း

Source: https://hhp-blog.s3.amazonaws.com/

ကခုန်လိုက်တဲ့အခါမှာလည်း ဒီဟော်မုန်းဓာတ်က ထွက်ပေါ်လာပါတယ်။ ဒီတော့ ခုန်ပေါက်ကခုန်ခြင်းနဲ့ ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အားတွေကို ရယူလာနိုင်သလို ပျော်ရွှင်ကျန်းမာခြင်းတွေကိုလည်း ဆောင်ယူနိုင်ပါတယ်။ ဒီတော့ စိတ်ဓာတ်ကျနေတဲ့ အခါမျိုးတွေမှာ တေးသီချင်းမြူးမြူးလေးတွေနဲ့ ကခုန်လိုက်ဖို့ မမေ့ပါနဲ့။