လူတိုင်းရဲ့ နေ့စဉ်လှုပ်ရှားရုန်းကန်နေရမှုတွေဟာ မသိလိုက်ဘဲ ဆိုးရွားနေတဲ့ အပြုအမူတွေရှိပါတယ်။ လူတွေက နေ့စဉ် စားဝတ်နေရေးအတွက် လုံးပမ်းနေရတဲ့အခါမျိုးမှာ ကိုယ် ဘယ်လိုလူနေမှုပုံစံတွေနဲ့ ကျင်လည်နေကြသလဲဆိုတာကို မေ့မေ့လျော့လျော့ ပြုမူတတ်ကြပါတယ်။ ခု ပြောပြချင်တဲ့ အကြောင်းအရာကတော့ လူတိုင်းလိုလို သတိမထားမိဘဲ လုပ်ဆောင်နေမိတဲ့ အမူအကျင့်တစ်ခုအကြောင်းပါ။

အကြာကြီးထိုင်နေမိခြင်း

Source: assets4.bigthink.com

ဒီဘက်ခေတ်မှာ လူတိုင်းလိုလိုဟာ ကွန်ပျူတာနဲ့ စားပွဲမှာ အလုပ်လုပ်နေကြတာ များပါတယ်။ ဒီတော့ တစ်နေ့တာတိုင်းဟာ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်ဆုံးသွားတာ ရက်ဆက်ဖြစ်လာပြီဆိုရင်တော့ ဒါဟာ အန္တရာယ်လို့ ပြောပါရစေ။ အထိုင်များတဲ့လူတွေရဲ့ ကျန်းမာရေးဟာ အတော်ကို ဆိုးရွားတယ်ဆိုတာကို လက်တို့သတိပေးပါရစေ။

Source: d2v9y0dukr6mq2.cloudfront.net

နေ့စဉ်ရက်ဆက် အချိန်အကြာကြီးထိုင်မိနေတဲ့လူတစ်ယောက်ဟာ ကိုယ်လက်လှုပ်ရှားမှုရှိတဲ့ သူတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဆီးချိုရောဂါ နဲ့ နှလုံးရောဂါတွေ ပိုဖြစ်နိုင်ခြေများပါတယ်။ ထိုင်နေကြတဲ့အခါမှာ ကိုယ်တွင်းက ကယ်လိုရီ ချေဖျက်မှု လျော့ကျသွားတဲ့အတွက် နောက်ဆက်တွဲ ဆီးချို နှလုံးလို ရောဂါမျိုးတွေ စတင်ဝင်ရောက်လာတာကြောင့် ဖြစ်ပါတယ်။  ကြွက်သားတွေရဲ့ လှုပ်ရှားမှုတွေဟာ သွေးတွင်းအချိုဓာတ်တွေကို လောင်ကျွမ်းစေပြီး အလုပ်လုပ်နိုင်တဲ့ စွမ်းရည်ကို ဖြစ်ပေါ်လာစေပါတယ်။

Source: expresswriters.com

ဒီလိုမှ မဟုတ်ဘဲ ထိုင်နေမယ်ဆိုရင်တော့ ကြွက်သားတွေ လှုပ်ရှားမှု မရှိတော့ဘဲ သွေးတွင်းအချိုဓာတ်တွေ မြင့်တက်လာပြီး ဆီးချို သွေးချိုရောဂါတွေဆီ ဦးတည်လာပါတော့တယ်။ ဒါ့ကြောင့် ကိုယ်က အလုပ်ဇောပိပြီး အချိန်အတော်ကြာ ထိုင်နေမိတယ်ဆိုရင်တောင် သိမိတာနဲ့ တပြိုင်နက် ခဏတဖြုတ် လမ်းထလျှောက်တာမျိုး ၊ မတ်တပ်ရပ်ပြီး ကြွက်သားလေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

Source: Newsweek

တချို့ ဝန်ထမ်းတွေကျပြန်တော့လည်း  အချိန်ကြာကြာ မတ်တပ်ရပ်နေကြရတာမျိုးတွေရှိပါတယ်။ ဒါကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ကိုယ်နေဟန်ထားထဲမှာ ပါဝင်နေပြန်ပါတယ်။ သူတို့အနေနဲ့ လည်း ကိုယ့်ရဲ့ ကိုယ်နေဟန်ထားကို မကြာခဏ ပြောင်းလဲပြီး လမ်းလျှောက်တာ ထိုင်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။