ဆုံးဖြတ်ချက်တွေမပြတ်သားဘဲ တွေဝေငေးမောနေတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ငြီးငြူနေမိပြီလား။ ဆုံးဖြတ်ချက်တွေ ပြတ်သားခိုင်မာချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို တိကျခိုင်မာပြတ်သားအောင် လုပ်လို့ရမယ့် နည်းလမ်းတစ်ချို့ကို ပြောပြပေးပါရစေ။

ကိုယ့်ရဲ့ အတွေးအခေါ်တွေကို ကိုယ်ကိုယ်တိုင်ယုံကြည်ပါ

Source: www.businesshorsepower.com

ဆုံးဖြတ်ချက်တွေမပြတ်သားရတဲ့ အဓိကအကြောင်းအရာကတော့ ကိုယ့်ရဲ့ အတွေးအခေါ်တွေအပေါ် ကိုယ်ကိုယ်တိုင် မယုံကြည်တာကြောင့်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို တိကျပြတ်သားချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ အတွေးအခေါ်တွေကို ယုံကြည်ဖို့ လိုအပ်ပါတယ်။

သူများစကား နားမယောင်ပါနဲ့

Source: www.geoffanthony.com

အိယောင်ဝါးဖြစ်နေတာဟာ သူများစကားတွေကို နားယောင်နေတာတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ဘာကိုလုပ်လို့လုပ်ရမှန်းမသိဘဲ သူများစကားတွေပေါ်နားယောင်နေရင်တော့ တွေဝေငေးမောမှုတွေက ဆက်တိုက်ဖြစ်ပေါ်နေဦးမှာပါပဲ။ ဒီတော့ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် သူများစကားတွေကို နားမယောင်ပါနဲ့။

တွေဝေငေးမောမှုတွေကို အဝေးကိုလွှင့်ပစ်ပါ

Source: www.news.abs-cbn.com

တွေဝေငေးမောနေမှတော့ ဆုံးဖြတ်ချက်တွေက ဘယ်ပြတ်သားနိုင်တော့ပါ့မလဲ။ ဆုံးဖြတ်ချက်တွေပြတ်သားခိုင်မာနေစေဖို့ တွေဝေငေးမောမှုတွေကို အဝေးလွှင့်ပစ်ထားနိုင်မှ တန်ကာကျမှာပါ။

ဖြစ်နိုင်ခြေရှိတဲ့အရာတွေကိုသာ ဆုံးဖြတ်ချက်တွေထဲ ထည့်သွင်းစဉ်းစားပါ

Source: www.limpingoncloud9.com

ဒီလိုဆုံးဖြတ်လိုက်လို့ ဟိုဟာများဖြစ်သွားမလား ဒီဟာများဖြစ်သွားမလားဆိုပြီး မဟုတ်တဲ့ စိုးရိမ်ပူပန်နေမှုတွေကိုလည်း ဖျောက်ထားပါ။ ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် အနီးစပ်ဆုံး ဖြစ်နိုင်မယ့်အရာတွေကိုသာ ထည့်သွင်းစဉ်းစားကြဖို့ တိုက်တွန်းပါရစေ။