Micro တက်တူးတဲ့လား၊ ရိုးလွန်းပါတယ်။ ၂၀၁၈ ကစလို့ အခုအထိ Blackout တက်တူးဆိုပြီး ခေတ်စားနေပါတယ်။ လုံးဝအကြမ်းပါ။ Aggressive ဖြစ်တဲ့ Sense လည်းပါပါတယ်။ ဘယ်လိုမျိုးလည်းဆိုတော့ တက်တူးအပါအဝင် ခန္ဓာကိုယ်ရဲ့တခြား Areas ကိုပါ မှင်အမဲဖုံးလိုက်တာမျိုးပါ။ Social Media ခေတ်ဆိုတော့ Trend ဖြစ်နေတာတွေဆို IG မှာတွေ့နိုင်ပါတယ်။

Source: gq.com

Tattoo Artist တစ်ယောက်က တင်ထားတာပဲဖြစ်ပါတယ်။ ကြည့်ရတာတော့ ထူးဆန်းနေပြီး သင့်ကိုအံ့အားပါသင့်စေမှာပါ။ ဘာအတွေးတွေနဲ့ ကိုယ့်အသားပေါ် အနက်ရောင်နဲ့ ဖုံးကြလည်းပေါ့။ ဒါဟာလည်း အနုပညာတစ်ခုပါပဲ။ တက်တူးအဆင့်ကနေပြီး Body Arts ဖြစ်လာတဲ့သဘောပါ။ တစ်ချို့ပြောတာကကျတော့ အရင်တုန်းကထိုးပြီး မလိုချင်တော့တဲ့ တက်တူးတွေကို ဖုံးကွယ်ပစ်လိုက်တဲ့သဘောလည်းဖြစ်ပါတယ်လို့ ပြောကြပါတယ်။

Source: gq.com

တက်တူးကိုရူးသွပ်သူတွေ ဖြူဖြောဖြော့ Gothic ကောင်လေးတွေကြားမှာတော့ BlackOut တက်တူးဟာ ရေပန်းစားပါတယ်။ သူတို့တွေက ရင်ဘတ်နဲ့ ခြေသလုံးတို့မှာ Blackout တက်တူးတွေကို အများဆုံးထိုးကြပါတယ်။ နေလောင်ဒဏ်ခံရတာနဲ့ အထင်မမှားစေချင်ပါဘူး။ အနက်ရောင်နဲ့ Tan ကတော့ကွာခြားပါတယ်။ လက်မှာမှင်အနက်ဖြည့်ထားတော့ တစ်ခုကောင်းတာက အင်္ကျီလက်ရှည်အနက်ကို ရှာဝတ်စရာမလိုတော့ဘူးပေါ့။

Source: gq.com

စိတ်ဝင်စားတယ်ဆိုရင်တော့ ပြထားတဲ့ပုံတွေကိုလေ့လာပြီး စိတ်ကြိုက် Blackout သွားလုပ်နိုင်ပါတယ်။ ဒီနိုင်ငံကိုတော့ Trend ကမလာသေးဘူးလို့ပြောလို့ရပါတယ်။ မထိုးခင် Blackout လို့ ရိုက်ပြီးတော့အရင် Inspire ယူသင့်ပါတယ်။ နောက်ဆိုရင်တော့ ရေပန်းစားလာနိုင်လို့ ကြိုထိုးလိုက်ကြပေတော့။