လူတိုင်းမှာ ကလေးဘဝ၊ ဆယ်ကျော်သက်အရွက်လောက်တုန်းက ကြိုက်နှစ်သက်ပြီး သဘောကျခဲ့တဲ့ အဆိုတော်တွေအများအပြားရှိနေကြမှာပါ။ ဒါပေမယ့် အခုလိုမျိုး ကိုယ်အရမ်းကြိုက်ခဲ့တဲ့ အဆိုတော်တွေက အချိန်ကြာမြင့်လာတာနဲ့အတူ ယခင်ကလိုမသီဆိုနိုင်တော့ပဲ အနားယူသွားကြပါပြီ။

အခုဖော်ပြပေးသွားမယ့် အဆိုတော်ကြီးတွေကတော့ သူ့ခေတ်သူ့အခါက အောင်မြင်ခဲ့ပေမယ့် အခုအချိန်မှာတော့ အနားယူပြီးလို့ ကြေငြာသွားခဲ့တဲ့အဆိုတော်တွေပဲဖြစ်ပါတယ်။

(1) Elton John

Source: bbc.co.uk

လွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ်တွေတုန်းက တစ်ခေတ်ဖြစ်ခဲ့တဲ့ Pop Star ကြီး Elton John ကတော့ အခုအချိန်မှာ အသက်အရွယ်အားဖြင့် ၇၀နှစ်တောင်ရှိနေပြီဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ New Yoirk မှာပြုလုပ်ခဲ့တဲ့ Press Conference တစ်ခုမှာ အနားယူတော့မယ်ဆိုတာကိုပြောကြားသွားခဲ့ပါတယ်။ အခုနောက်ဆုံး John ရဲ့ Road Tour ဟာ လာမယ့် စက်တင်ဘာ ၈ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

(2) Paul Simon

Source: bbc.co.uk

Paul Simon ကတော့ Country သီချင်းတွေနဲ့ အခုခေတ်လူငယ်တွေအားလုံး ကြီးပြင်းလာခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူဟာ ယခုဆိုရင် အသက် ၇၆ နှစ်ရှိနေပြီဖြစ်ပြီးတော့ မကြာသေးခင်ကမှာ သူ့ရဲ့ Social Media မှာ အနားယူတော့မယ်ဆိုတာကိုရေးသားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အခုအနားယူမှုက ဂစ်တာသမား Vincent N’guini ရဲ့ ဒီဇင်ဘာလတုန်းက သေဆုံးမှုကြောင့်လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

(3) Neil Diamond

Source: bbc.co.uk

ယခင်တုန်းက ကြိုက်နှစ်သက်တဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ Neil Diamond ကတော့ ရောဂါကြောင့် အနားယူသွားတာဖြစ်ပြီး သူအနားယူတဲ့အချိန်မှာ အသက်အရွယ်အားဖြင့် ၇၇ နှစ်တောင်ရှိနေပြီဖြစ်ပါတယ်။ သူကတော့ အနားယူချင်စိတ်မရှိသေးပေမယ့် ကျန်းမာရေးကြောင့် အနားယူလိုက်ရတဲ့အတွက် ပရိသတ်တွေကိုလည်း တောင်းပန်သွားခဲ့ပါသေးတယ်။

(4) Slayer

Source: bbc.co.uk

ပြီးခဲ့တဲ့ ၁၉၈၀ ခုနှစ်တွေတုန်းက အောင်မြင်တဲ့ Metal Band တစ်ခုဖြစ်တဲ့ Slayer ကတော့ ဖျော်ဖြေမှုတွေ သက်တမ်း ၃၅ နှစ်ပြည့်သွားတဲ့အချိန်မှာ ပင်စင်ယူတော့မယ်လို့ ကြေညာခဲ့ပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေက ပြီးခဲ့တဲ့ ဇွန်လတုန်းက ရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်။