ဘ၀နေ့ရက်တွေကို ဖြတ်သန်းနိုင်ဖို့အတွက် သက်သောင့်သက်သာရှိပြီးစမတ်ကျစေနိုင်တဲ့ ဖိနပ်တစ်ရံလိုအပ်ပါတယ်။ သားရေဂျာကင်၊ အလန်းစားအိတ်နဲ့ စတိုင်ကျဖို့အတွက် အမိုက်စားဖိနပ်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မနက်ဖြန်တွေကိုပေါ့ပါးသွက်လက်တဲ့ ခြေလှမ်းတွေနဲ့ စတင်နိုင်ဖို့ ကြိုးစားကြည့်လိုက်ပါ။

Red Wing 6-Inch Moc Toe Boot

Source: Primer Magazine

အမိုက်စားဒီဇိုင်းနဲ့ တန်ဖိုးကြီးဖိနပ်တစ်စုံ ဖြစ်ပါတယ်။ အနီရောင် တောင်ပံတစ်စုံအလားပေါ့ပါးပြီးခန့်ညားတဲ့ အသွင်ကိုဆောင်နိုင်မှာ ဖြစ်ပါတယ်။ သင့်ဘ၀အတွက် မှားယွင်းတဲ့ ရင်းနှီးမြှပ်နှံမှု မဖြစ်နိုင်တဲ့အတွက် စိတ်ချလက်ချ ရွေးချယ်လိုက်ပါ။

Timberland Premium Boot

Source: SneakerStudio

ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းတွေကိုစိတ်တိုင်းကျ သွားလာကြည့်လိုက်ပါ။ လုပ်ငန်းခွင်ထဲမှာလည်းစိတ်သွားတိုင်းကိုယ်ပါ နိုင်တဲ့ အလန်းစားဖိနပ်ပဲ ဖြစ်ပါတယ်။

Dr. Martens Boot

Source: The Idle Man

၁၉၄၇ ခုနှစ်က Klaus Martens ဆိုတဲ့ ပုဂ္ဂိုလ်က Dr.Martensအမည်နဲ့ဖိနပ် Brand ကိုစတင် ထုတ်လုပ်ခဲ့ပါတယ်။ တောက်ပတဲ့ အနက်ရောင်နဲ့ အမိုက်စား Dr.MartensBrand ကိုညွန်ပေးပါရစေ။ သင့်ခြေလှမ်းတွေကရွှေရောင်တောက်ပစေမှာအမှန်ပဲဖြစ်ပါတယ်။

Blundstone Chelsea Boot

Source: trendhunter.com

Chelsea စတိုင် ဖိနပ်အမျိုးအစားပဲဖြစ်ပါတယ်။ အမြင့်စားကော်လတီနဲ့ အကြမ်းခံမှုကတော့ အံ့မခန်းပါပဲ။ ဒီဇိုင်းအလန်းတွေနဲ့ သက်သောင့်သက်သာရှိတဲ့ ခြေလှမ်းတွေကိုဖန်တီးပေးနိုင်မှာပဲ ဖြစ်ပါတယ်။