ဂိုးသမားတွေရဲ့ တန်ဖိုးဟာ ယနေ့အချိန်မှာ တဖြည်းဖြည့်မြင့်တတ်လာခဲ့ပါပြီ။ အသင်းတစ်သင်း အနိုင်ရဖို့အတွက် ဂိုးသမားတစ်ယောက်ရဲ့ တာဝန်ဟာ မပေါ့လှပါဘူး။ ပွဲစဥ်တစ်လျှောက်လုံး ယှဥ်ပြိုင်ကစားရတဲ့ ကစားသမားတွေလောက် မပြေးလွှားရဘူးဆိုပေမယ့်လည်း ပြိုင်ဘက်ကစားသမားရဲ့ ကန်သွင်းမှုတိုင်းကို ဂိုးပေါက်နဲ့ မမိတ်ဆက်အောင်လို့ အကောင်းဆုံး ကာကွယ်ရတာဖြစ်ပါတယ်။

အခုလိုမျိုး တာဝန်မသေးလှတဲ့ ဂိုးသွင်းသမားဘဝကို ရွေးချယ်ခဲ့ပြီး လက်ရှိအချိန်မှာ အအောင်မြင်ဆုံးနဲ့ ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမားနှစ်ယောက်ကို ဖော်ပြပေးလိုက်ရပါတယ်။

Ederson

Source: Sky Sports

သူကတော့ ယခုလက်ရှိမန်စီတီးအသင်းမှာကစားနေတဲ့ ဂိုးသမားတစ်ယောက်ဖြစ်ပါတယ်။ ဒီနှစ်ရာသီဘောလုံးပွဲအစက ဘင်ဖီကာအင်းမှ မန်စီးတီးအသင်းကို ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။ ပြောင်းရွေ့ကြေးကတော့ ပေါင်သန်း (၄၀) ဖြစ်ပါတယ်။ သူဟာ မန်စီတီးနည်းပြ ဂွာဒီယိုလာရဲ့ စိတ်ကြိုက်ဂိုးသမားတစ်ယောက်ဖြစ်ပါတယ်။ ဂိုးဖမ်းကောင်းမွန်တာဖြစ်ပြီး လူပေးလူယူလည်း ကောင်းမွန်တာဖြစ်ပါတယ်။ သူကတော့ ယခုလက်ရှိမှာ ဒုတိယဈေးအကြီးဆုံး ဂိုသမားတစ်ယောက်ဖြစ်ပါတယ်။

Gianluigi Buffon

Source: World Football Index

ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမားကတော့ ဘူဖွန်ဖြစ်ပါတယ်။ သူဟာ ဂိုးသမားလောကမှာတော့ စံထားလောက်စရာ ဂိုးသမားတစ်ဦးပါ။ (၂၀၀၁) ခုနှစ်က ပါလာမားအသင်းမှ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွေ့ခဲ့တာဖြစ်ပါတယ်။ ဂိုးဖမ်းစက်ရုပ်တစ်ရုပ်ဖြစ်တဲ့သူဟာ အသက် (၄၀) ကျော်အထိ ဂျုဗင်တပ်စ်အသင်းအတွက် ပေးဆပ်ခဲ့တာပါ။ သူရဲ့ပြောင်းရွေ့ကြေးကတော့ ပေါင်သန်း (၅၂.၈)  သန်းဖြစ်ပါတယ်။