အမျိုးသားတွေဟာ တစ်ဦးနဲ့တစ်ဦး ကြိုက်နှစ်သက်ပုံခြင်း ကွဲပြားကြပါတယ်။ တချို့ အမျိုးသားများက စိတ်ပင်ပန်းမှုများကို ဆူညံပေါက်ကွဲစွာနဲ့ ဖြေဖျောက်တတ်ကြပေမယ့် အမျိုးသားအများစုကတော့ တိတ်ဆိတ် ငြိမ်သက်စွာနဲ့ပဲ အပန်းဖြေချင်ကြပါတယ်။ အေးဆေးစွာ အပန်းဖြေချင်တဲ့ ကွီးတို့ အတွက် Bar အမျိုးအစားတွေ ကို ဖေါ်ပြပေးချင်ပါတယ်။

Pub

Source : lidovky.cz

Pub (သို့) Public Bar ဟုခေါ်ဆိုကြပါတယ်။ တရားဝင်ခွင့်ပြုချက်ဖြင့် ကမ္ဘာနှင့်အ၀ှမ်း တွင်တွင်ကျယ် ကျယ် ဖွင့်လှစ်နေတဲ့ Bar ဖြစ်ပါတယ်။ ဘီယာ၊၀ိုင်စတဲ့ အဖျော်ယမကာ မျိုးစုံကို စိတ်တိုင်းကျ သောက်သုံးနိုင် ပြီး တိတ်ဆိတ်အေးဆေးစွာ အပန်းဖြေနိုင်ပါတယ်။

Ice Bar

Source : Atrápalo

ဟိုတယ်တွေမှာ အများစုတွေ့ရတဲ့ Bar အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ရေခဲကဲ့သို့ အေးစက်တဲ့ အခိုးအငွေ့တွေနဲ့ တကယ့်ကို ရေခဲနန်းတော်မှာ ယမကာသောက်သုံး အနားယူနေရသကဲ့သို့ ခံစားရမှာ ဖြစ်ပါတယ်။

Taverns Bar

Source : tavernonjane.com

စီးပွားရေးလုပ်ငန်းရှင်တွေ အများဆုံး စုဝေးတတ်တဲ့ Bar တစ်မျိုးဖြစ်ပါတယ်။ သောက်စရာ အဖျော် ယမကာသာမက စားသုံးစရာ အစားအသောက်များလည်း ရှိပါတယ်။

TiKi Bar

Source : Condé Nast Traveler

ထူးခြားတဲ့ အပြင်အဆင်များနဲ့ အမိုက်စား Bar အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Rum ကိုအခြေခံထားပြီး အရသာ ထူးခြားကောင်းမွန်တဲ့ Cocktail မျိုးစုံကို ရရှိနိုင်မှာ ဖြစ်ပါတယ်။