နှစ်ကာလတွေကြာလာတာနဲ့ အမျှ ဖက်ရှင်စတိုင်တွေဟာလည်း တဖြည်းဖြည်း ခေတ်မှီဆန်းသစ် လာခဲ့ပါတယ်။ ဖက်ရှင်တွေဟာ အမျိုးသမီးတွေနဲ့သာ သက်ဆိုင်တာမဟုတ်ပဲ အမျိုးသားထုကြီးအတွက် လည်း သက်ဆိုင်တယ်ဆိုတာကို ခေတ်မှီတဲ့ ပုရိသတိုင်း သိရှိလက်ခံ ထားကြပါတယ်။ ၂၀၁၈ခုနှစ်မှာ ပုရိသတွေ အတွက် ရေပန်းအစားဆုံးဆုံး Street Style တွေကတော့

Field Jacket

Source: TheCoolist

အလုပ်ကိစ္စနဲ့ပဲဖြစ်စေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ လျှောက်လည်တဲ့ အခါဖြစ်စေ၊ သွက်လက်ပေါ့ပါးပြီး စတိုင်ကျတဲ့ အမျိုးသားတစ်ယောက် ဖြစ်ဖို့အတွက် အမိုက်စား ဒီဇိုင်းနဲ့ Field Jacket တစ်ထည်လိုအပ်ပါတယ်။

 

DAD DENIM

Source: Fortune

လူငယ်စတိုင် ပေါ့ပါးလန်းဆန်းမှုကို အပြည့်အ၀ခံစား ရစေမယ့် ဘောင်းဘီ အမျိုးအစား ဖြစ်ပါတယ်။ ခေတ်မီတယ်၊သွက်လက်တယ်၊ စတိုင်ကျတယ်။ လမ်းထွက်တော့မယ့် အမျိုးသားတစ်ယောက် အနေနဲ့ ဦး စားပေးရွေးချယ်ရ မယ့် ဘောင်းဘီ စတိုင်ပဲ ဖြစ်ပါတယ်။

ROLL NECK

Source: Father Sons

လည်ပင်းလုံအောင်ဖုံးထားတဲ့ ကော်လံလိပ် ဒီဇိုင်းနဲ့ ဆွယ်တာပဲ ဖြစ်ပါတယ်။ မိုးရာသီဖြစ်စေ၊ ဆောင်း ရာသီ ဖြစ်စေ အပြင်သွားတော့မယ် ယောက်ျားတစ်ယောက် ရဲ့ စမတ်ကျမှုကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့် ဆွယ်တာ စတိုင် ဖြစ်ပါတယ်။

CORDUROY TROUSERS

Source: Charles Tyrwhitt

ချည်ကတ္တီပါသား ပိတ်စနဲ့ချုပ်လုပ် ထားတဲ့ အမျိုးသားဝတ် ဘောင်းဘီရှည် ပဲဖြစ်ပါတယ်။ ဇင် ဘောင်းဘီ လို့လဲ ခေါ်ကြပါတယ်။ သွားလာရတာ လွယ်ကူပေါ့ပါးပြီး အကြမ်းလည်းခံတဲ့အတွက် အလန်းစား Street Style တစ်မျိုး ပဲဖြစ်ပါတယ်။

RETRO SPORTSWEAR

Source: Coach Mag

ပေါ့ပေါ့ပါးပါးသွားလာ လှုပ်ရှားချင်တဲ့ အမျိုးသားများ အတွက် အကောင်းဆုံး ရွေးချယ်စရာ တစ်ခုဖြစ် ပါတယ်။ ရှေးစတိုင်ကို ပြန်လည် အတုခိုးပြီး ဆန်းသစ်ထားတဲ့ အားကစားစတိုင် ဂျာကင် ပဲဖြစ်ပါတယ်။