သင်ဒီ Article ကစပြီးစိတ်ဝင်စားပြီးဆိုကတည်းက ကိုယ့်ကိုယ်ကို အရပ်အရမ်းမရှည်ဘူးလို့ ခံယူထားပြီး ဘယ်လို အဝတ်အစားမျိုးတွေက သင့်ကိုအရပ်ရှည်တယ်လိုထင်ရအောင် လုပ်ပေးနိုင်မလဲဆိုတဲ့ အဖြေကိုလိုချင်လို့ပဲဖြစ်မှာပါ။ အမျိုးသားတစ်ယောက်အတွက် Height ကအရေးကြီးတယ်လို့တော့ထင်ပါတယ်။

Source: gq-magazine.co.uk

သိုပေမယ့် နိုင်ငံတကာ စံနှုန်းနဲ့ယှဉ်ရင်တော့ ကျွန်တော်တို့ မြန်မာအမျိုးသားအများစုဟာ ပုပါတယ် Average အရဆို ပုံမှန်အမျိုးသားတစ်ယောက်ရဲ့ ပျှမ်းမျှအရပ်က ၅ပေ၈ လောက်ပဲရှိပါတယ် ၅ပေ၁၀ ကျော်သွားရင်တော့ အရှည်တဲ့ အထဲမှာပါတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ထောင်ကောင်းတဲ့အမျိုးသားတွေနည်းတူ Charm ဖြစ်စေမယ့် ဝတ်ဆင်မှုမျိုးကို အရပ်မရှည်တဲ့ အမျိုးသားတွေအတွက် သိသင့်မယ်ထင်လို့ အရပ်ပုပေမယ့် စတိုင်ကျတဲ့ ဟောလိဝုဒ် ဆယ်လီတစ်ချို့ရဲ့ ဖက်ရှင်နဲ့ ဆိုင်တဲ့ နည်းလမ်းလေးတွကို အသုံးဝင်အောင် ပြောပြပေးချင်ပါတယ်။

Source: gq-magazine.co.uk

အရပ်ပုတဲ့သူတွေအတွက် လိုက်ဖက်တဲ့ ဖက်ရှင်ကိုရှာဖွေဝတ်ဆင်နိုင်ဖို့ရာ ခက်ခဲလှပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ဖက်ရှင်က ကိုယ့်ကိုအရပ်ရှည်တယ်လို့ထင်ရအောင် လုပ်ပေးနိုင်ရင်ပိုကောင်းတာပေါ့။

Source: gq-magazine.co.uk

အရပ်ပုတဲ့အမျိုးသားတွေ ထည့်သွင်းစဉ်းစားသင့်တဲ့ ဖက်ရှင်တွေဟာဆိုရင် Large Print တွေထက် Small Plaids ၊ Vertical Stripes ဒေါင်လိုက်အစင်းတွေကိုလည်းကောင်း Fitting ကွက်တိကျတဲ့ အဝတ်အစားတွေကိုလည်းကောင်း၊ V-necked တွေနဲ့ အင်္ကျီလက်တို ဘောင်းဘီတို နဲ့ Stylish ဖြစ်မယ့် Branded Boots အရှည်မျိုးတွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

Source: gq-magazine.co.uk

ဘာလို ဖက်ရှင်တွေကို အဓိကထားပြီးရှောင်သင့်သလဲဆိုရင်တော့ BowTie တွေ Oversized အဝတ်အစားတွေ အနားခေါက်ထားတဲ့ ဘောင်းဘီတွေကို အထူးသဖြင့်သတိထားသင့်ပါတယ်။ ဒီလို ဆောင်သင့်ရှောင်သင့်တဲ့ Outfit Style တွေကသင့်ကို အထောက်အကူပြုစေမယ်လို့ မျှော်လင့်ပါတယ်။