[Zawgyi]

ကြၽန္ေတာ္တို႔အေနနဲ႔ အားလပ္ရက္အတြက္ planဆြဲရေတာ့မယ္ဆိုရင္ အရင္ဆံုးစဥ္းစားမိတာ ခရီးထြက္ဖို႔မ်ားပါတယ္။ ခရီးထြက္ျခင္းဟာ စိတ္ကုိအပန္းေျပေစရံုသာမကပါဘူး။ မတူညီတဲ့ပတ္ဝန္းက်င္အသစ္၊ ယဥ္ေက်းမႈအသစ္ေတြကိုေလ့လာရင္း သဘာဝတရားရဲ႕ အလွတရားေတြကိုလဲ ခံစားႏိုင္ေစပါတယ္။ မၾကာခင္မွာဆိုရင္လဲ သီတင္းကြၽတ္ပိတ္ရက္ရွည္လာေတာ့မွာမို႔ ႏိုင္ငံျခားခရီးစဥ္ထြက္ခ်င္သူမ်ားအတြက္ ၂ဝ၁၉အတြင္း ေရပန္းအစားဆံုးေနရာေလးေတြေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဘူတန္

Source : Fashionbeans

အေအးခ်မ္းဆံုး၊လူဦးေရထူထပ္မႈနည္းၿပီး ၿမိဳ႕ျပရဲ႕ရႈပ္ေထြးတဲ့ေနထိုင္မႈကကြဲထြက္ခ်င္သူေတြအတြက္ အသင့္ေတာ္ဆံုးကေတာ့ဘူတန္ႏိုင္ငံပဲျဖစ္ပါတယ္။ အထူးသျဖင့္ ကြၽန္ေတာ္တို႔လို ဗုဒၶဘာသာဝင္ေတြအတြက္ လည္ပတ္ဖူးေမ်ာ္စရာ ဘုရားေက်ာင္းကန္ေတြမ်ားစြာရွိလို႔ စိတ္ေအးခ်မ္းေစမွာအေသခ်ာပါပဲ။ ဘာသာတရားလြမ္းမိုးၿပီး ေရွးက်တယ္ထင္ရလို႔ တည္းခိုရာမွာ အခက္ေတြ႕မယ္ေတာ့မထင္ပါနဲ႔။ luxuryဆန္ဆန္တည္းစရာေနရာအခ်ိဳ႕ရွိၿပီး ခရီးသြားရာသီေတြမွာ တစ္ရက္ကို ယူ႐ို၂ဝဝဝန္းက်င္နဲ႔ luxury ဆန္ဆန္တည္းႏိုင္ပါတယ္။

(၂) ဘာကလာ၊မကၠစီကို

Source : Fashionbeans

ကမ္းေျခခ်စ္သူေတြအတြက္ အသစ္အဆန္းျဖစ္ေစမယ့္ေနရာတစ္ခုကေတာ့ ပင္လယ္မဟုတ္တဲ့ကမ္းေျခတစ္ခုပဲျဖစ္ပါတယ္။သူကေတာ့ မကၠစီကိုမွာရွိၿပီး ကာေရဘီယန္ကေန၂ဝကီလိုမီတာေလာက္မွာရွိတဲ့ ပင္လယ္ထံုးအိုင္ႀကီးပဲျဖစ္ပါတယ္။ ေရအိုင္ႀကီးေပမဲ့ Maldivesေရာက္ေနသလိုခံစားရမယ့္အျပင္ ကမ္းေျခတစ္ခုအလားပါပဲ။ အထူးျခားဆံုးအခ်က္ကေတာ့ သူ႔ေရရဲ႕ကာလာဟာ စိမ္းျပာေရာင္နဲ႔ အျပာရင့္ရင့္ ႏွစ္ေရာက္ကြဲၿပီးေပါင္းစပ္ေနျခင္းျဖစ္ပါတယ္။တကယ့္ကိုရင္သပ္ရႈေမာစရာခံစားမႈေတြ ေပးစြမ္းႏိုင္မယ့္ေနရာဆိုတာ အေသခ်ာပါပဲ။

(၃) မက္တီရာ၊အီတလီ

Source : Fashionbeans

ေခတ္ေဟာင္းရဲ႕အေငြ႕အသက္ေတြကို ျပန္လည္ခံစားရတာ ႏွစ္သက္သူေတြအတြက္ တကယ့္ရာစုႏွစ္ေလးငါးခုေလာက္ ေနာက္ျပန္ေရာက္သြားသလို ခံစားရေစမယ့္ေနရာရွိပါတယ္။သူကေတာ့ အီတလီႏုိင္ငံရဲ႕ မက္တီရာၿမိဳ႕ပဲျဖစ္ပါတယ္။ ႏွစ္ေပါင္း၇ဝဝဝသက္တမ္းရွိၿပီျဖစ္တဲ့ ဒီၿမိဳ႕မွာဆိုရင္ လိႈဏ္ဂူေတြကို အိမ္အျဖစ္ တီထြင္ေဆာက္လုပ္ထားတာက ထူးျခားခ်က္တစ္ခုပါ။လိႈဏ္ဂူေတြထဲကို တကယ့္အဆင့္ျမင့္ဟိုတယ္ႀကီးေတြအျဖစ္ တည္းခိုႏိုင္လို႔ ယခင္ေက်ာက္ေခတ္ကိုျပန္ေရာက္သြားသလားေတာင္ ထင္မွတ္ေစႏိုင္ပါတယ္။ဒီအခ်က္ကပဲ ဒီၿမိဳ႕ေလးကို ဥေရာပရဲ႕ယဥ္ေက်းမႈျပယုဂ္အျဖစ္ေတာင္ တင္စားခံရေစပါတယ္။

(၄) ဒိုဟ၊ကာတာ

Source : Fashionbeans

ဒူဘိုင္းတို႔ အဘူဒါဘီတို႔လို ႀကီးက်ယ္ခမ္းနားတဲ့ႏိုင္ငံေတြကို လည္ပတ္ရတာႀကိဳက္သူေတြအတြက္ ေနာက္ထပ္ၫႊန္ေပးခ်င္တဲ့ ေနရာတစ္ခုရွိပါတယ္။ဒါကေတာ့ အေရွ႕အလယ္ပိုင္းေဒသမွာပဲရွိတဲ့ ကာတာႏိုင္ငံရဲ႕ ကမ္း႐ိုးတန္းၿမိဳ႕ျဖစ္တဲ့ဒိုဟပါပဲ။ တကယ့္ရင္သပ္ရႈေမာစရာ ျမင္ကြင္းနဲ႔ skylineေတြရွိေနတဲ့အျပင္ ၂ဝ၂၂ကမ႓ာ့ဖလားပြဲအတြက္ေတာင္ အိမ္ရွင္အျဖစ္က်င္းပေပးမယ့္ေနရာတစ္ခုပဲျဖစ္လို႔ ေဘာလံုးခ်စ္သူတို႔ လက္မလြတ္ပဲအေရာက္သြားလည္သင့္ေနပါၿပီ။ ဒီၿမိဳ႕မွာဆိုရင္ အစၥလာမ္ဘာသာဝင္တို႔ရဲ႕ အႏုပညာဆန္ၿပီး တမူထူးျခားၿပီး ခမ္းနားတဲ့ အေဆာက္အဦးဒီဇိုင္းေတြကိုလဲ သြားေရာက္ေလ့လာႏိုင္ပါေသးတယ္။

[Unicode]

ကျွန်တော်တို့အနေနဲ့ အားလပ်ရက်အတွက် planဆွဲရတော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားမိတာ ခရီးထွက်ဖို့များပါတယ်။ ခရီးထွက်ခြင်းဟာ စိတ်ကိုအပန်းပြေစေရုံသာမကပါဘူး။ မတူညီတဲ့ပတ်ဝန်းကျင်အသစ်၊ ယဉ်ကျေးမှုအသစ်တွေကိုလေ့လာရင်း သဘာဝတရားရဲ့ အလှတရားတွေကိုလဲ ခံစားနိုင်စေပါတယ်။ မကြာခင်မှာဆိုရင်လဲ သီတင်းကျွတ်ပိတ်ရက်ရှည်လာတော့မှာမို့ နိုင်ငံခြားခရီးစဉ်ထွက်ချင်သူများအတွက် ၂ဝ၁၉အတွင်း ရေပန်းအစားဆုံးနေရာလေးတွေဖော်ပြပေးလိုက်ပါတယ်။

(၁) ဘူတန်

Source : Fashionbeans

အအေးချမ်းဆုံး၊လူဦးရေထူထပ်မှုနည်းပြီး မြို့ပြရဲ့ရှုပ်ထွေးတဲ့နေထိုင်မှုကကွဲထွက်ချင်သူတွေအတွက် အသင့်တော်ဆုံးကတော့ဘူတန်နိုင်ငံပဲဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လို ဗုဒ္ဓဘာသာဝင်တွေအတွက် လည်ပတ်ဖူးမျော်စရာ ဘုရားကျောင်းကန်တွေများစွာရှိလို့ စိတ်အေးချမ်းစေမှာအသေချာပါပဲ။ ဘာသာတရားလွမ်းမိုးပြီး ရှေးကျတယ်ထင်ရလို့ တည်းခိုရာမှာ အခက်တွေ့မယ်တော့မထင်ပါနဲ့။ luxuryဆန်ဆန်တည်းစရာနေရာအချို့ရှိပြီး ခရီးသွားရာသီတွေမှာ တစ်ရက်ကို ယူရို၂ဝဝဝန်းကျင်နဲ့ luxury ဆန်ဆန်တည်းနိုင်ပါတယ်။

(၂) ဘာကလာ၊မက္ကစီကို

Source : Fashionbeans

ကမ်းခြေချစ်သူတွေအတွက် အသစ်အဆန်းဖြစ်စေမယ့်နေရာတစ်ခုကတော့ ပင်လယ်မဟုတ်တဲ့ကမ်းခြေတစ်ခုပဲဖြစ်ပါတယ်။သူကတော့ မက္ကစီကိုမှာရှိပြီး ကာရေဘီယန်ကနေ၂ဝကီလိုမီတာလောက်မှာရှိတဲ့ ပင်လယ်ထုံးအိုင်ကြီးပဲဖြစ်ပါတယ်။ ရေအိုင်ကြီးပေမဲ့ Maldivesရောက်နေသလိုခံစားရမယ့်အပြင် ကမ်းခြေတစ်ခုအလားပါပဲ။ အထူးခြားဆုံးအချက်ကတော့ သူ့ရေရဲ့ကာလာဟာ စိမ်းပြာရောင်နဲ့ အပြာရင့်ရင့် နှစ်ရောက်ကွဲပြီးပေါင်းစပ်နေခြင်းဖြစ်ပါတယ်။တကယ့်ကိုရင်သပ်ရှုမောစရာခံစားမှုတွေ ပေးစွမ်းနိုင်မယ့်နေရာဆိုတာ အသေချာပါပဲ။

(၃) မက်တီရာ၊အီတလီ

Source : Fashionbeans

ခေတ်ဟောင်းရဲ့အငွေ့အသက်တွေကို ပြန်လည်ခံစားရတာ နှစ်သက်သူတွေအတွက် တကယ့်ရာစုနှစ်လေးငါးခုလောက် နောက်ပြန်ရောက်သွားသလို ခံစားရစေမယ့်နေရာရှိပါတယ်။သူကတော့ အီတလီနိုင်ငံရဲ့ မက်တီရာမြို့ပဲဖြစ်ပါတယ်။ နှစ်ပေါင်း၇ဝဝဝသက်တမ်းရှိပြီဖြစ်တဲ့ ဒီမြို့မှာဆိုရင် လှိုဏ်ဂူတွေကို အိမ်အဖြစ် တီထွင်ဆောက်လုပ်ထားတာက ထူးခြားချက်တစ်ခုပါ။လှိုဏ်ဂူတွေထဲကို တကယ့်အဆင့်မြင့်ဟိုတယ်ကြီးတွေအဖြစ် တည်းခိုနိုင်လို့ ယခင်ကျောက်ခေတ်ကိုပြန်ရောက်သွားသလားတောင် ထင်မှတ်စေနိုင်ပါတယ်။ဒီအချက်ကပဲ ဒီမြို့လေးကို ဥရောပရဲ့ယဉ်ကျေးမှုပြယုဂ်အဖြစ်တောင် တင်စားခံရစေပါတယ်။

(၄) ဒိုဟ၊ကာတာ

Source : Fashionbeans

ဒူဘိုင်းတို့ အဘူဒါဘီတို့လို ကြီးကျယ်ခမ်းနားတဲ့နိုင်ငံတွေကို လည်ပတ်ရတာကြိုက်သူတွေအတွက် နောက်ထပ်ညွှန်ပေးချင်တဲ့ နေရာတစ်ခုရှိပါတယ်။ဒါကတော့ အရှေ့အလယ်ပိုင်းဒေသမှာပဲရှိတဲ့ ကာတာနိုင်ငံရဲ့ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ဒိုဟပါပဲ။ တကယ့်ရင်သပ်ရှုမောစရာ မြင်ကွင်းနဲ့ skylineတွေရှိနေတဲ့အပြင် ၂ဝ၂၂ကမ္ဘာ့ဖလားပွဲအတွက်တောင် အိမ်ရှင်အဖြစ်ကျင်းပပေးမယ့်နေရာတစ်ခုပဲဖြစ်လို့ ဘောလုံးချစ်သူတို့ လက်မလွတ်ပဲအရောက်သွားလည်သင့်နေပါပြီ။ ဒီမြို့မှာဆိုရင် အစ္စလာမ်ဘာသာဝင်တို့ရဲ့ အနုပညာဆန်ပြီး တမူထူးခြားပြီး ခမ်းနားတဲ့ အဆောက်အဦးဒီဇိုင်းတွေကိုလဲ သွားရောက်လေ့လာနိုင်ပါသေးတယ်။