We Don’t Talk Anymore နဲ့ ပိုပြီးအောင်မြင်မှုရရှိလာခဲ့တဲ့ Charlie Puth ဟာ ၂၀၁၈မှာ ပရိတ်သတ်တွေကို သီချင်းအသစ်တွေနဲ့ ၂၀၁၈ ခုနှစ်မှာ ပြန်ရောက်လို့လာပါပြီ။ Charlie Puth ဟာ Pop Music နဲ့ R&B Music ကို သီဆိုလေ့ရှိပါတယ်။ သူသီဆိုလေ့ရှိတဲ့ သီချင်းအများစုက အသည်းကွဲသီချင်းတွေပိုပြီးများလို့နေတာကို ပရိသတ်တွေအားလုံးလည်း သိရှိပြီးဖြစ်မှာပါ။
သူဟာ ၂၀၀၉ခုနှစ်ကနေ အနုပညာကိုလျှောက်လှမ်းလာခဲ့တာဖြစ်ပါတယ်။ ဒီလိုလျှောက်လှမ်းခဲ့တဲ့ အနုပညာခရီးလမ်းတောက်လျှောက်မှာ အောင်မြင်ခဲ့တဲ့သီချင်းတွေဟာဆိုရင် Marvin Gaye ၊ We Don’t Talk Anymore ၊ One Call Away နဲ့ ၂၀၁၈ခုနှစ်အစောပိုင်းမှာဆိုရင် Attention ၊ How Long နဲ့ If You Leave Me Now တို့ပဲဖြစ်ပါတယ်။
Source: genius.com
အခုအချိန်မှာတော့ Charlie Puth ဟာ သူ့ရဲ့ ပရိသတ်တွေအတွက် Album အသစ်ကို ထုတ်လွှတ်လိုက်ပါပြီ။ Album အသစ်အမည်ကတော့ Voicenotes ပဲဖြစ်ပါတယ်။ ဒီ Album ကို ထုတ်လွှတ်ဖြန့်ချီခဲ့တာကတော့ မေလ ၁၁ရက်နေ့၊ ၂၀၁၈ခုနှစ်မှာဖြစ်ပါတယ်။ ဒီ Album ဖြစ်မြောက်ရေးအတွက် Atlantic Records ကနေ ထုတ်လွှတ်ဖြန့်ချီပေးတာဖြစ်ပါတယ်။ ဒီအခွေ အစအဆုံးဖြစ်မြောက်ဖို့အတွက် ထုတ်လုပ်သူကတော့ Charlie Puth ကိုယ်တိုင်ပဲဖြစ်ပါတယ်။ ဒီ Album ထဲမှာ သီချင်းအားလုံးပေါင်း ၁၃ပုဒ်ပါဝင်ပါတယ်။
- The Way I Am
- Attention
- LA Girls
- How Long
- Done For Me
- Patient
- If You Leave Me Now
- Boy
- Slow It Down
- Change
- Somebody Told Me
- Empty Cups
- Through It All
Source: mix967.ca
Voicenotes ထဲမှာ ထွက်ရှိပြီးသား သီချင်းအဟောင်း ၂ပုဒ်ပါဝင်လို့နေပါတယ်။ သီချင်းအသစ်အနေနဲ့တော့ ၁၁ပုဒ်ရှိပါတယ်။ Featuring အနေနဲ့ ပါဝင်ပြီးကူညီသီဆိုပေးခဲ့သူတွေလည်းရှိပါသေးတယ်။ သူတို့တွေကတော့ Kehlani ၊ Boyz II Men နဲ့ James Taylor တို့ပဲဖြစ်ပါတယ်။ Album အသစ်ထဲမှာ ပါဝင်တဲ့သီချင်းတွေကို ရန်ကုန်ဈေးကွက်ထဲမရောက်ခင် Youtube မှာ ကြိုတင်နားထောင်လို့ရနေပြီဖြစ်ပါတယ်။