ကမ္ဘာနှင့်တ၀ှမ်း အနုပညာရှင် အကျော်အမော်တွေ ပေါ်ထွန်းခဲ့သလို တောင်ကိုရီးယားနိုင်ငံမှာလည်း တစ်ကမ္ဘာလုံးက အားပေးနှစ်သက်ကြတဲ့ အနုပညာရှင်ပေါင်းများစွာ ပေါ်ထွက်နေပါတယ်။ ဒီတခါမှာ ပြောပြ ပေးချင်တဲ့ အကြောင်းကတော့ တောင်ကိုရီးယား အနုပညာကြယ်ပွင့် အဆိုတော် ဟင်နရီရဲ့ အကြောင်းပဲ ဖြစ် ပါတယ်။

Source : DeviantArt

အဆိုတော် ဟင်နရီဟာ အနုပညာလောကထဲသို့ Super Junior အဖွဲ့တစ်ခုဖြစ်သော Super Junior-M အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦး အဖြစ်နဲ့ စတင် ၀င်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

Source : SBS.com

အဆိုတော်ဟင်နရီရဲ့ ၂၀၁၃ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Trap အယ်လ်ဘမ် ဟာ တောင်ကိုရီးယားရဲ့ ရောင်းအားအကောင်းဆုံး တေးအယ်လ်ဘမ် စာရင်းမှာ နံပါတ်-၂ ချိတ်နိုင်ခဲ့ပါတယ်။

Source : DeviantArt

Trap အယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ အမိုက်စားသီချင်းလေး တစ်ပုဒ် ဖြစ်ပါတယ်။ Pop သီချင်းအမျိုးအ စားလေးဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းနုလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

 

Source : c-k-jpopnews.fr

အသက် (၂၈)နှစ်အရွယ် တောင်ကိုရီးယားအဆိုတော် ဟင်နရီဟာ လတ်တလောမှာ အနုပညာလှုပ် ရှားမှုအနေနဲ့ A Dog’s Journey ဟူသော ဟောလိဝုဒ် ဇတ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။