ဘ၀မှာရှင်သန်နေထိုင်တဲ့လူတိုင်းဟာ ပိုက်ဆံကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်းဆုံး ကြိုးစားရှာဖွေနေကြသူတွေပဲဖြစ်ပါတယ်။ ၀င်ငွေရအောင်ရှာဖွေကြတဲ့အခါမှာ တချို့က နည်းလမ်းကောင်းတွေနဲ့ ရှာဖွေနိုင်ကြပေမယ့် တချို့ကတော့ ငွေရှာတဲ့နည်းလမ်းတွေ မှားယွင်းနေတတ်ပါတယ်။ ယနေ့လို အိုင်တီခေတ်ကြီးထဲမှာ ၀င်ငွေကောင်းတဲ့အလုပ်တွေက သင့်အတွက်ရှိနေပါတယ်။

ဘလော့တစ်ခုဖွင့်ခြင်း

Source: FEED

ကျန်းမာရေး၊ သတင်းပိုင်း၊ အလှအပရေးရာ စတဲ့ လူတွေစိတ်ဝင်စားတဲ့အချက်အလက်တွေနဲ့ ဘလော့တစ်ခုကို စတင်ကြည့်လိုက်ပါ။ ကိုယ့်ရဲ့ဘလော့ကို လူအများစိတ်ဝင်စားနိုင်တဲ့ သတင်း၊ ဆောင်းပါးတွေ ဝေေ၀ဆာဆာဖန်တီးထားခြင်းဖြင့် ၀င်ငွေတွေရရှိလာနိုင်ပါတယ်။

အွန်လိုင်းရှော့ပင်း

Source: Guide for better shopping

ယနေ့ခေတ်မှာ လိုချင်တဲ့ပစ္စည်းတွေကို တနေရာပြီးတနေရာ သွားရောက်ရွေးချယ်ဝယ်ယူဖို့အတွက် အချိန်မပေးချင်ကြတော့ပါဘူး။ ကွန်ပြူတာဖွင့်ရုံနဲ့ လိုချင်တဲ့ပစ္စည်းတွေကို အလွယ်တကူဝယ်ယူလို့ရနိုင်တဲ့ အွန်လိုင်းရှော့ပင်းစီးပွားရေးဟာ ၀င်ငွေကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်လာနေပြီဖြစ်ပါတယ်။

အွန်လိုင်းမှာစာရေးခြင်း (Content Writing)

Source: VideoBlocks

လက်တော့တစ်လုံးရှိရုံနဲ့ ၀င်ငွေတွေကိုဖန်တီးရရှိနိုင်တဲ့ လုပ်ငန်းတစ်ခုကတော့ Content Writing ပဲဖြစ်ပါတယ်။ ကိုယ်ဖတ်ရှုလေ့လာထားတဲ့ စာပေ၊ ဗဟုသုတတွေကို ပြန်လည်ဝေမျှပေးတာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့အလုပ်တစ်ခုလည်းဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှကားအငှားလိုက်ခြင်း (Online Driving)

 

Source: folgerlaw.com

အကောင့်တစ်ခုဖွင့်ထားပြီး ခရီးသည်တွေနဲ့ ချိတ်ဆက်ထားရုံဖြင့် ခရီးစဉ်တွေကို အဆင်ပြေပြေ ပို့ဆောင်ပေးနိုင်တဲ့ ကားအငှားဝန်ဆောင်မှုလုပ်ငန်းဟာလည်း ယနေ့ခေတ်စားနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ တနေကုန် နေပူ၊ မိုးရွာ လမ်းတကာလျှောက်မောင်းနေစရာမလိုဘဲ အင်တာနက်ဖွင့်ထားရုံနဲ့ ၀င်ငွေကိုအလွယ်တကူရှာဖွေနိုင်ပါတယ်။