တစ်ခေတ်တစ်ခါကပရိသတ်တွေရင်ထဲမှာအခိုင်အမာနေရာယူထားတဲ့ အမျိုးသမီးအဆိုတော် တစ်ဦးကတော့ ချောစုခင် ပဲဖြစ်ပါတယ်။ အသံအားကောင်းကောင်းနဲ့ အချစ်သီချင်းချိုချိုလေးတွေ ကြောင့် သူမရဲ့ သီချင်းတွေကနာမည်ကျော်ကြားလူကြိုက်များလှပါတယ်။

အနုပညာသက်တမ်း

Source : Chaw Su Khin page

နိုင်ငံကျော် တေးသံရှင်ချောစုခင်ရဲ့ အနုပညာသက်တမ်းဟာဆယ်စုနှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသားပရိသတ်တွေသာမကအမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲအဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်။

တစ်ကိုယ်တော် ဖျော်ဖြေပွဲ

Source : Chaw Su Khin Page

အဆိုတော်ချောစုခင်ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ၂၀၁၈ခုနှစ်ရဲ့ ဇန်န၀ါရီလမှာ ကျင်းပဖို့ စီစဉ်ခဲ့ သော်လည်းအကြောင်းကြောင့်ပွဲကို နောက်ရွှေ့ခဲ့ရပါတယ်။ပြန်လည်စီစဉ်ပြီးပါကပရိသတ်ကိုအသိပေးသွား မည်ဖြစ်ကြောင်း အဆိုတော် ချောစုခင်ကပြောကြားထားပါတယ်။

အွန်လိုင်းမှ သီချင်းအသစ်

Source : Chaw Su Khin Page

မကြာမှီအချိန်အတွင်းမှာအဆိုတော်ချောစုခင်ကသူမရဲ့ပရိသတ်တွေ အတွက် အွန်လိုင်းမှနေပြီး အ ဆွေးသီချင်းလေးတစ်ပုဒ်ကို ဖြန့်ပေးတော့မှာဖြစ်ပါတယ်။ Youtubeမှာလည်း ဖြန့်ချီပေးသွားမှာဖြစ်ပါတယ်။

သီချင်းအမည်နဲ့ တေးရေးသူ

Source : Chaw Su Khin Page

တေးသီချင်းအသစ်ရဲ့ အမည်က ‘ တောင်းဆိုချက်’  လို့ပေးထားပြီးတေးရေးကထျန်ခေးကရေးသားထားပါတယ်။ အချစ်သီချင်းအေးအေးလေးတစ်ပုဒ် ဖြစ်ပါတယ်။