Workout လုပ်သင့်မှန်း အသိရှိပေမယ့် မနက်ဆို မိုးလင်းတာနဲ့ အလုပ်သွား ညနေမိုးချုပ်ခါနီးမှ အိမ်ပြန်ရောက် အဲ့ဒီအချိန်မှ Gym သွားမယ်ဆိုရင်လည်း ပင်ပန်းတာပဲ အဖတ်တင်မှာပါ။ တနေကုန် Energy တွေဖြုန်းထားတော့ ထင်သလောက်မဆော့နိုင်တော့ပါဘူး။ တစ်ချို့တွေဆို စနေနေ့တောင် အလုပ်သွားပေးရတာမျိုးတွေလည်း ရှိပါတယ်။ ကဲ အချိန်မလောက်တော့ ဘယ်လိုလုပ်မလဲ။ မပူပါနဲ့ အလုပ်များပြီး Gym သွားဖို့အချိန်မရတဲ့ ကွီးတို့အတွက် Fit ဖြစ်စေမယ့် နည်းလမ်းလေးကို ပြောပြပေးချင်ပါတယ်။

Source: Men’s Journal

အဖြေကတော့ Jump Rope ပါပဲ။ အချိန်အများကြီးမလိုတဲ့ အပြင် ပိုက်ဆံကုန်လည်း သက်သာပါတယ်။ ဘယ်လိုအချိန်ကုန်သက်သာစေတာလဲ ဆိုတော့ တစ်နေ့ကို ၁၀မိနစ်လောက် ရေမချိုးခင်ပဲဖြစ်ဖြစ် ခုန်ပေးရင်ရပါပြီ။ ကြိုးခုန်တာဟာ Cardio Exercise မို့လို့ အမောခံနိုင်ပြီး နှလုံးအားကောင်းစေမှာဖြစ်ပါတယ်။ တနေ့ ၁၀မိနစ်နဲ့ ၆ ပတ်ကြာကြာခုန်နိုင်ရင်တော့ ထူးခြားမှုကို တွေ့ရမှာဖြစ်ပါတယ်။ မယုံမရှိပါနဲ့ သင့်ခန္ဓာကိုယ်ကို ထူးခြားစွာပြောင်းလဲစေမှာပါ။ ၁၉၆၈ လောက်တုန်းက ဖော်ပြခဲ့တဲ့လေ့လာတွေ့ရှိချက်များအရ တစ်နေ့ကို Jogging နာရီဝက်လုပ်တဲ့သူထက် ၁၀မိနစ်ကြိုးခုန်တဲ့သူက ပိုပြီးကျန်းမာပါတယ်တဲ့။

Source: Pinterest

တစ်ခြားသော ကယ်လိုရီလောင်စေမယ့် အားကစားတွေကတော့ ရေကူးခြင်း၊ Bowling ပစ်ခြင်း၊ ဘောလုံးကန်ခြင်း အစရှိတာတွေပဲဖြစ်ပါတယ်။ ဒီလိုဟာတွေလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင်တော့ ကြိုးခုန်တာက သင့်အတွက် အကောင်းဆုံးဖြစ်မှာပါ။ ၁၀မိနစ်ခုန်ပေးပါ လို့ပြောပေမယ့် မနားဘဲ ဆက်တိုက်ဆို အမောဖောက်နိုင်ပါတယ်။ ၂မိနစ်လောက်နဲ့ သုံးကျော့ လုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။ ခုန်တဲ့အခါမှာလည်း တဖက်ခြင်းစီကို သုံးကျော့ ပြီးသွားရင် စုံကိုနောက်ထပ်သုံးကျော့ နှစ်မျိုးခုန်နိုင်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ကွီးတို့အနေနဲ့ အချိန်ကုန်ငွေကုန် လူပင်ပန်း သက်သာပြီး အဆီပိုကင်ဝေး (ဗိုက်မပူတော့ဘဲ) စေမယ့်အပြင် ကျန်းမာရေးနဲ့ညီညွတ်စေမှာပါ။

Source: muscleprodigy.com