ဟိုးအရင်တစ်ခေါက်က မိုးနဲ့ပတ်သက်တဲ့ အဆိုတော်ယောက်ျားလေးတွေ သီဆိုထားတဲ့ တေးသီချင်းတွေ ဖော်ပြခဲ့ပြီးပါပြီ။ အခုတစ်ခေါက်မှာတော့ မိန်းကလေးအဆိုတော်တွေ သီဆိုထားတဲ့ မိုးနဲ့ ပတ်သက်တဲ့ တေးသီချင်းတွေကို ထပ်ပြီးဖော်ပြပေးချင်ပါတယ်။ ဘယ် မိုးသီချင်းတွေက ပရိသတ်ရင်ထဲ တိုက်ရိုက်ထိမှန်ခဲ့သလဲ။

မိုးမိမှာစိုးတယ်-မိစန္ဒီ

Source: Legacy Music Network

မိုးရွာလာပြီဆိုတာနဲ့ လွမ်းရတဲ့ crush လေးရှိတယ်ဆိုရင်တော့ ဒီတေးသီချင်းက ရင်ထဲက အလွမ်းဓာတ်တွေကို ပွင့်အက်ထွက်လာစေမှာပါ။ မိုးရွာတိုင်း လွမ်းနေရပြီး မိုးမိမှာစိုးရိမ်ရတဲ့ Crush လေးကို လွမ်းဆွေးဖို့ မိစန္ဒီရဲ့ မိုးမိမှာစိုးတယ် ဆိုတဲ့ တေးသီချင်းလေးက အကူအညီအပြည့်အဝ ပေးပါလိမ့်မယ်။

မိုးညများမှာ –  ပိုပို

Source: Legacy Music Network

ဒီသီချင်းလေးကလည်း အဆိုတော် ပိုပိုရယ်လို့ ပိုပိုကို လူသိသွားစေတဲ့ တေးသီချင်းလေးပါပဲ။ ချစ်သူမရှိတဲ့ မိုးညတွေကို ဖြတ်သန်းရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ချစ်သူကို လွမ်းဆွေးတသတဲ့ စိတ်ခံစားမှုအပြည့်နဲ့ တေးချစ်သူတွေရဲ့ ရင်ထဲကို ရောက်စေခဲ့တဲ့ တေးသွားတွေပါပဲ။

ရာသီဥတုက ကိုယ့်ဘက်ပါတယ်  – ချောငယ်

Source: Chaw Nge ချောငယ်

ဒီတစ်ခါမှာတော့ ချစ်စရာကောင်မလေးတစ်ယောက်ရဲ့ ဟန်ပန်နဲ့ ချစ်စရာကောင်မလေးတစ်ယောက်ရဲ့ ဘဝကို ထင်ဟပ်စေတဲ့ ရာသီဥတုက ကိုယ့်ဘက်ပါတယ် ဆိုတဲ့ တေးသီချင်းလေးကို ဖော်ပြပေးချင်ပါတယ်။ မိုးတွင်းမှာ ချစ်စရာကောင်မလေးတွေ ဘယ်လိုနေတတ်သလဲဆိုတာကို ဒီတေးသီချင်းလေးက တဆင့် သိနိုင်မှာပါ။

မိုးစက်လေး  –  နီနီခင်ဇော်

Source: Legacy Music Network

ပုရိသပရိသတ်တွေ အခိုင်အမာရရှိထားတဲ့ အဆိုတော် နီနီခင်ဇော်ကတော့ မိုးစက်တွေထဲကနေ ပြန်လာမယ့်သူကို မျှော်နေပါတယ်တဲ့။ အသံပါဝါအားကောင်းကောင်းနဲ့ လွမ်းဆွေးမှုစွက်နေတဲ့ ဒီတေးသီချင်းကလည်း မိုးတွင်းမှာ ဖီးလ်လို့ကောင်းတဲ့တေးသီချင်းပဲဖြစ်ပါတယ်။ ထွက်သွားတဲ့ချစ်သူကို မိုးစက်တွေကြားထဲကနေ ဒီသီချင်းနဲ့ ပြန်ခေါ်ကြရအောင်နော်။

မိုးဘယ်မှာရွာနေလဲ –  ဆူဇီ

Source: duwun.com.mm

ဒီတေးသီချင်းက နှစ်ပေါင်းများစွာကြာခဲ့ပြီဆိုပေမယ့်လည်း ခုထိကို မိုးတွင်းရောက်တိုင်း နားထောင်ကောင်းဆဲ တေးသီချင်းပါပဲ။ ဆူဇီရယ်လို့ ပရိသတ် အသိအမှတ်ပြုခံခဲ့ရတဲ့ တေးသီချင်းလေးဆိုလည်း မမှားပါဘူး။ ဆူဇီကတော့ မေးနေပါပြီ။ မိုး ဘယ်မှာ ရွာနေလဲ တဲ့။