သင့်ခန္ဓာကိုယ်ကြွက်သားတွေ တောင့်တင်းသန်မာစေဖို့ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တဲ့အခါမှာ ကိုယ်နဲ့သင့်တော်တဲ့ အားကစားဝတ်စုံကို ရွေးချယ်ဝတ်ဆင်ဖို့က အဓိကကျတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြွက်သားတွေအတွက် ကြိုးစားလေ့ကျင့်နေချိန်မှာ စတိုင်ကျတဲ့အားကစားဝတ်စုံတွေနဲ့ ပေါင်းဖက်ပေးလိုက်ခြင်းဖြင့် သင့်လှုပ်ရှားမှုတွေဟာ ခန့်ညားပြီးဆွဲဆောင်မှုရှိနေမှာအမှန်ပါပဲ။

သွက်လက်လှုပ်ရှားနိုင်တဲ့ Gym ဘောင်းဘီတို

Source: shopdolot.vn

Gym ကစားတဲ့အခါမှာ ပေါ့ပါးစွာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်နိုင်ပြီး စတိုင်ကျတဲ့အားကစားဘောင်းဘီတိုကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

Adidas တံဆိပ်

Source: weare-shop.es

Adidas ကထုတ်တဲ့ အနက်ရောင်ဒီဇိုင်းနဲ့ Retro Shorts (ဘောင်းဘီတို) တွေကို Gym ဆော့တဲ့အခါ ရွေးချယ်ဝတ်ဆင်ကြည့်ပါ။ စတိုင်ကျပြီး ပေါ့ပါးသွက်လက်စွာ လှုပ်ရှားနိုင်မှာဖြစ်ပါတယ်။

Sunday Shorts

Source: Lyst

လွတ်လပ်စွာလှုပ်ရှားနိုင်မယ့် အမျိုးသားဝတ်ဘောင်းဘီတို (Sunday Shorts) ဒီဇိုင်းတွေကို ရှာဖွေဝတ်ဆင်ပြီး Gym ကစားကြည့်လိုက်ပါ။ စိတ်တိုင်းကျတဲ့ခံစားမှုကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။

Launch Running Shorts

Source: nike.com

တကယ်လို့ Gym ကစားတဲ့အချိန်မှာ ခြေသလုံးကြွက်တတ်မှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီလိုမျိုး စိုးရိမ်ပူပန်မှုတွေရှိနေပြီဆိုရင် (Launch Running Shorts) အပြေးသမားတွေဝတ်ဆင်တဲ့ ဘောင်းဘီတိုမျိုးကို ရွေးချယ်ဝတ်ဆင်လိုက်ပါ။ သင့်စိုးရိမ်မှုတွေ ပျောက်ကင်းသွားပါလိမ့်မယ်။