ခုနောက်ပိုင်းမှာ စိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်ပေးနိုင်တဲ့ ကုထုံးတွေအများကြီး ပေါ်ပေါက်လာပါတယ်။ လူတွေဟာလည်း ခေတ်မီတိုးတက်လာတာနဲ့အမျှ ကုထုံးတွေကို စမ်းသပ်ခံစားလာကြပါတယ်။ ဒီလို စိတ်အပန်းပြေစေတဲ့ ကုထုံးတွေထဲကမှ အမွှေးရနံ့ကုထုံးဟာ လူကြိုက်အများဆုံး ကုထုံးတစ်ခုပဲ ဖြစ်ပါတယ်။

အမွှေးရနံ့တွေရဲ့ ကောင်းကျိုးတွေ

Source: upkeepyoga.com

အမွှေးရနံ့လေးတွေက ခန္ဓာကိုယ်အတွက်ရော စိတ်ခံစားမှုအတွက်ပါ အလွန်သင့်တော်တဲ့အတွက်ကြောင့် အခုခေတ်မှာ အမွှေးကုထု့းကို အတော်လူကြိုက်များလာကြတာပါ။ မွှေးပျံ့တဲ့ ရနံ့လေးတွေကို ရှူရှိုက်လိုက်တဲ့ အခါမှာ ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေ ဖြစ်ပေါ်လာစေပါတယ်။

မွှေးရနံ့အမျိုးအစားတွေ

Source: agilexfragrances.com

သစ်သီးရနံ့လေးတွေက နွေးထွေးမှုကို ခံစားရစေပြီး နွေဦးကို ပြန်လည် အမှတ်ရစေပါတယ်။ သံပုရာနံ့ ၊ လိမ္မော်နံ့နဲ့ ပူရှိန်းနံ့တွေကတော့ ရိုးရှင်းတဲ့ အနံ့လေးတွေဖြစ်ပြီး ရေချိုးဆပ်ပြာဝယ်တဲ့အခါ အဲဒီ အနံ့လေးတွေကို ရွေးချယ်ဝယ်ယူပါ။

Source: luciemedispa.com

စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့ဆိုရင်တော့ လာဗင်ဒါအဆီက အကောင်းဆုံးပါပဲ။ ရေချိုးပြီးတဲ့အခါမှာ နှင်းဆီပန်းအဆီ ၅ စက် ဒါမှမဟုတ် ၁၀ စက်ခန့်ကို လည်ပင်းနဲ့ ခြေထောက်နေရာတွေ လိမ်းပြီး နှိပ်နယ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေကို ပြေပျောက်စေပပါတယ်။