နေရာတိုင်းမှာ၊ အလုပ်တိုင်းမှာ စုပေါင်းလုပ်ကိုင်ခြင်းဆိုတဲ့ Teamwork လိုအပ်ပါတယ်။ Teamwork မရှိတဲ့ အလုပ်ဟာ အောင်မြင်မှုတွေနဲ့ အလှမ်းဝေးတတ်ပါတယ်။

ညီညွတ်ခြင်းရဲ့အကျိုး

Source: Eagle’s Flight

တစ်ယောက်နဲ့တစ်ယောက် အမြင်တွေ၊ အယူအဆတွေဟာ ဘယ်လိုမှမတူညီနိုင်ပါဘူး။ ဒီမတူညီတဲ့အမြင်တွေကို ပေါင်းစပ်ပြီး အလုပ်ပြီးမြောက်ခြင်းဆီကို အရောက်သွားတဲ့အခါမှာ ရလဒ်ကအောင်မြင်မှုပါပဲ။

အပေးအယူမျှတခြင်းရဲ့ အကျိုး

Source: iknowho

မတူညီတဲ့အတွေးတွေ၊ စိတ်ကူးတွေ၊ အကြံညာဏ်တွေကို ပေါင်းစပ်မယ်၊ ညှိနှိုင်းတိုင်ပင်မယ်။ အားသာချက်၊ အားနည်းချက်တွေ အတတ်နိုင်ဆုံး ဆွေးနွေးကြမယ်။ Teamwork ရှိတဲ့လုပ်ငန်းတစ်ခုဟာ Teamwork မရှိတဲ့ လုပ်ငန်းတစ်ခုကို အလွယ်လေးအနိုင်ယူသွားနိုင်ပါတယ်။

အခက်အခဲတွေကို စုပေါင်းဖြေရှင်းခြင်းရဲ့အကျိုး

Source: Bizfluent

စိတ်ကူးတစ်ခုထဲနဲ့ အရာရာတိုင်းကို ကျော်လွှားနိုင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ စုပေါင်းအဖြေရှာကြရင်းနဲ့ ထိပ်တိုက်တွေ့ဆုံပြီး ရန်ပွဲတွေလဲရှိနိုင်တယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် သည်းခံခွင့်လွှတ်ရင်းနဲ့ အောင်မြင်မှုတွေဆီသွားကြတဲ့အခါ ခိုင်မာတဲ့အပေါင်းအသင်းစိတ်ဓာတ်ကို မွေးမြူပြီးသားလည်း ဖြစ်သွားပါတယ်။