စိတ်ဖိစီးမှုတွေများလာတဲ့အခါမှာ အလုပ်မှာမတွင်ကျယ်တော့ဘဲ စိတ်ဓာတ်ကျလာတာတွေတင်မကပါဘူး။ ညအိပ်မပျော်တာမျိုးတွေ၊ ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် ငေးတိငိုင်တိုင်နဲ့ လန်းဆန်းတက်ကြွမှုတွေလည်း ပျောက်ဆုံးနေတတ်ပါတယ်။ ဒါတွေတင်မကသေးပါဘူး။ စိတ်ဖိစီးမှုများလာတဲ့အခါမျိုးမှာ ရောဂါတွေလည်း ဝင်ရောက်လာတတ်ပါတယ်။

နှလုံးရောဂါ

Source: www.medicalnewstoday.com

နှလုံးရောဂါကတော့ စိတ်ဖိစီးမှုနဲ့ အများကြီးဆက်စပ်နေတယ်ဆိုတာ လူတိုင်းသိမှာပါ။ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုတွေရဲ့ အကျိုးဆက်တွေဟာ နှလုံးကိုတိုက်ရိုက်သွားထိပါတယ်။ ဒီတော့ စိတ်ဖိစီးမှုများလေလေ နှလုံးရောဂါဖြစ်နိုင်ခြေများလေပါပဲ။

ပန်းနာရင်ကြပ်ရောဂါ

Source: www.rd.com

စိတ်ဖိစီးမှုတွေ များလာတဲ့အခါမှာ ပန်းနာရင်ကြပ်ရောဂါလည်း ဖြစ်လာတတ်ပါတယ်။ ကိုယ့်မှာဘာအကြောင်းပြချက်မှမတွေ့ရှိရဘဲ ပန်းနာရင်ကြပ်ရောဂါဖြစ်လာပြီဆိုရင်တော့ တခြားဝေးဝေးလံလံ စဉ်းစားမနေပါနဲ့တော့။ သင့်မှာ စိတ်ဖိစီးမှုတွေတအားများခဲ့ရလို့ပါ။

ဝမ်းဗိုက်မကောင်းသလို ခံစားရတာ

Source: www.someecards.com

ဘာအစားမှ မမှားဘဲနဲ့ ဝမ်းဗိုက်တွေ မကောင်းသလို ရစ်သလို နာသလို ဘာဖြစ်နေမှန်းမသိ ခံစားနေရပါသလား။ ဒါတွေဟာ သင် စားသောက်ခဲ့တဲ့ အစားအစာတွေနဲ့ မဆိုင်ဘဲ သင် ရင်ဆိုင်ကြုံတွေ့ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေနဲ့သာ သက်ဆိုင်ပါတယ်။

အစာအိမ်နာ

Source: www.medicalnewstoday.com

ဒါကတော့ရှင်းပါတယ်။ စိတ်ဖိစီးမှုများသူတွေအဖို့ အစားစားချင်စိတ်တွေ ပျောက်ရှကုန်ပြီး မစားနိုင်မသောက်နိုင် အစာစားချိန်မမှန်တော့တာတွေ ဖြစ်လာတတ်ပါတယ်။ အဲဒီအခါမှာ အစာအိမ်နာရောဂါ စွဲကပ်လာတော့တာပါပဲ။

အရေပြားရောဂါ

Source: www.skinderme.com

စိတ်ဖိစီးမှုတွေ အရမ်းများတဲ့အခါမှာ နောက်ထပ်စွဲကပ်လာနိုင်တဲ့ ရောဂါတစ်မျိုးက အရေပြားရောဂါပါ။ အထက်က ဖော်ပြခဲ့တဲ့ ရောဂါတွေအပြင် အရေပြားရောဂါလည်း ဖြစ်လာတတ်ပါတယ်။ ဒီတော့ ဒီလိုရောဂါတွေ ကိုယ့်ဆီမဝင်ရောက်လာနိုင်အောင်လို့ စိတ်ဖိစီးမှုတွေကို တတ်နိုင်သမျှ တိုက်ထုတ်ကြပါစို့။