နေ့စဉ် ဖြတ်သန်းနေကြရတဲ့ ဘ၀မှာ လူတိုင်းကိုကပ်ညှိပြီးဒုက္ခပေးနေတတ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးရှိပါတယ်။ ဒါပေမယ့် စိုးရိမ်စရာမရှိပါဘူး။ အဆိုပါ ဗိုင်းရပ်စ်ပိုးကိုအမြစ်ပြတ် ချေမှုန်းနိုင်မယ့် နည်းလမ်းကလက်တကမ်းမှာရှိနေလို့ ပါပဲ။

Source: Shutterstock

လူတိုင်းကို နေ့စဉ်ဘ၀မှာ ဒုက္ခပေးနေတဲ့ ဆိုးဝါးတဲ့ ဗိုင်းရပ်စ်ပိုးကတော့ အကြောက်တရားပဲ ဖြစ်ပါတယ်။ အကြောက်တရားစိုးမိုးနေသမျှ ကာလပတ်လုံးအောင်မြင်တဲ့ ဘ၀ကို ရရှိနိုင်မှာမဟုတ်ပါဘူး။

Source: Shutterstock

လူတိုင်းရဲ့ စိတ်ထဲမှာအကြောက်တရားက ကြီးစိုးနေတတ်ပါတယ်။ ဥပမာ-အလုပ်တစ်ခုကိုစတင်ဖို့ ကြောက်ရွံ့တာ၊ ကိစ္စရပ်တွေမှာ တာဝန်ယူဖို့ ကြောက်ရွံ့တာ၊ လူအများရှေ့မှာ စကားပြောဖို့ဝန်လေးတာ စတဲ့ မျိုးစုံသောကြောက်ရွံ့ မှု တွေရှိတတ်ကြပါတယ်။

Source: Shutterstock

အကောင်းဆုံးနည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးဒေးလ်ကာနက်ဂျီရဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ကြောက်တဲ့ အရာကိုချက်ချင်းထ လုပ်ဆောင် ကြည့်လိုက်ပါ။ အဆိုပါ အကြောက်တရားဗိုင်းရပ်စ်ပိုးကသေချာမုချ ပျောက်ကင်းသွားမှာပဲ ဖြစ်ပါတယ်။

Source: Shutterstock