ယောက်ျားလေးတွေအတွက် ခြေအိတ်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်နေပါတယ်။ ခြေအိတ်ကိုအရေးမကြီးဘူးလို့ ယူဆထားသူတွေဟာ ဝတ်ဖို့ဆိုပိုပြီးမေ့လျော့တတ်ပါတယ်။ ခြေအိတ်မပါပဲ Shoes ဝတ်တိုင်းလည်း ကြည့်ရဆိုးတာမျိုးမဟုတ်ပါဘူး။ ဖိနပ်အမျိုးအစားပေါ်မူတည်ပါတယ်။ ဒီလိုအခြေအနေတွေကို သတိထားနိုင်အောင် ရိုးရှင်းတဲ့ အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

Source: theguardian.com

ကာလာအရောင် နဲ့ပတ်သက်ပြီး အရင်စဉ်းစားရမှာဖြစ်ပါတယ်။ ကိုယ်ဝတ်မယ့်ဘောင်းဘီနဲ့ လိုက်မလိုက်ကြည့်သင့်ပါတယ်။ သင်လုပ်နိုင်တာနှစ်မျိုးရှိပါတယ်။ ဆန့်ကျင်ဘက်အရောင်ကို ရွေးရင်ရွေး ဒါမှမဟုတ် နီးစပ်တဲ့အရောင်ကို ရွေးရင်ရွေး။ ဆန့်ကျင်ဖက်လိုပြောရာမှာ မသက်ဆိုင်တဲ့ကာလာမျိုးကို ပြောတာမဟုတ်ပါဘူး။

Source: D’Marge

ဥပမာပေးရရင် ကာလာအနုနဲ့ အရောင်အရင့်ကိုဝတ်ဆင်တာမျိုးကို ပြောချင်တာပဲဖြစ်ပါတယ်။ အဖြူကိုတော့ သူများနိုင်ငံတွေမှာ ဘာသာရေးအရ မွန်မြတ်ထားတဲ့ရက်တွေ အခါကြီးရက်ကြီးတွေမှာဝတ်ဆင်လေ့ရှိပါတယ်။ သို့ပေမယ့် အနက်ကိုတော့ Sensitive ဖြစ်လို့ရှောင်သင့်ပါတယ်။ ပြောချင်တာက နေရာတိုင်းမဝတ်သင့်ပါဘူး။ ဝမ်းနည်းဖွယ်အခမ်းအနားတွေမှာ ဝတ်ဆင်တာတော့အသင့်အတော်ဆုံးပါ။

Source: theguardian.com

နောက်တစ်မျိုးအနေနဲ့ Socks ကို Sandals တွေနဲ့ဝတ်တာဟာ ကြည့်မကောင်းဘူးလို့ထင်နိုင်ပေမယ့် ညှပ်ဖိနပ်မျိုးမဟုတ်ပါဘူး။ Pool Side မှာဝတ်တဲ့ ခုခေတ်စားနေတဲ့ Stripe Addidas အစွပ်ဖိနပ်လိုမျိုးကို ဆိုလိုတာပါ။ လတ်တလောလည်း Trend ဖြစ်တဲ့ ဝတ်ဆင်မှုပါ။သင်ဟာ၂၁ ရာစုရဲ့လူငယ်တစ်ယောက်ဆို မဖြစ်မနေဝတ်သင့်တဲ့ ဖက်ရှင်တစ်ခုပါပဲ။ တစ်ချို့ကခြေစွပ်ကို အတိုကြိုက်ပါတယ်။ တစ်ချို့ကတော့ ခြေမျက်စိပေါ်တာကိုမကြိုက်တော့ အရှည်ကိုရွေးချယ်ကြပါတယ်။

Source: Ties.com

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အကြိုက်နဲ့ကိုယ်ဝတ်တာကတော့ မမှားပါဘူး။ အတတ်နိုင်ဆုံးတော့ Socks ကိုဦးစားပေးပြီး မပါမဖြစ်ဝတ်ဆင်စေချင်ပါတယ်။ ခြေစွတ်အတိုအရှည်အပြင် သိပ်မသိသာတဲ့ ခြေမျက်စိအောက် Shoe-line လောက်ပဲရှိတဲ့ ခြေစွပ်တွေလည်းရှိပါတယ်။ အဲ့လိုခြေအိတ်ဝတ်ခြင်းကလည်း သင့်အကောင်းစားဖိနပ်ကို ချွေးစားခြင်းမှကာကွယ်နိုင်တဲ့အပြင် ဖိနပ်ကိုအနံ့လည်း သိပ်မစွဲနိုင်တော့ဘူးပေါ့။ Socks အထူကြီးတွေမဝတ်ချင်ရင်တောင် ဒီလိုပေါ့ပါးလွတ်လက်တဲ့ Short Trainer Socks ကိုအကျင့်လုပ်ပြီး ဝတ်ဆင်စေချင်ပါတယ်။