သင်ဟာ မီးမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ဖခင်တစ်ယောက်ဖြစ်နေပြီလား။ ချစ်စရာကောင်းတဲ့သမီးလေးတွေအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်လို့အရေးကြီးပါတယ်နော်။ စတိုင်ကျတဲ့ဖခင်တစ်ယောက်အဖြစ်နဲ့ မီးမီးလေးတွေကိုဘယ်လိုပြုစုစောင့်ရှောက်ကြမလဲ။

စိတ်ရှည်သည်းခံနိုင်ရမယ်

Source: VideoBlocks

ဖခင်တစ်ယောက်အနေနဲ့ လူပျိုဘ၀တုန်းကလိုတော့ စိတ်လွတ်ကိုယ်လွတ်ဘယ်ရှိနိုင်ပါ့မလဲလေ။ အထူးသဖြင့်သမီးလေးတွေရဲ့ ဖေဖေဖြစ်နေခဲ့ရင် ပိုစိတ်ရှည်ဖို့လိုအပ်ပါပြီ။ သမီးလေးတွေက နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတတ်ကြပါတယ်။

ရိုးသားတည်ငြိမ်နိုင်ရမယ်

Source: AskMen

ကိုယ်ကျင့်တရားနဲ့ ပတ်သက်ရင် မှတ်ကျောက်တင်ခံရလောက်အောင် ဖြောင့်မတ်မှန်ကန်တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားအားထုတ်သင့်ပါတယ်။ သမီးတို့လေးစားဂုဏ်ယူလောက်တဲ့ စတိုင်ကျကျဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ အရေးကြီးပါတယ်။

အလှအပကိုစိတ်ဝင်စားနိုင်ရမယ်

Source: AskMen

မီးမီးလေးတွေက အလှအပကြိုက်တတ်ကြပါတယ်။ သမီးတို့ဖေဖေအနေနဲ့ မီးမီးလေးတွေသဘောကျနှစ်သက်စေမယ့် အရုပ်လှလှလေးတွေ၊ ဂါဝန်လှလှလေးတွေကို ရွေးချယ်ဝယ်ယူနိုင်ဖို့လိုအပ်တယ်လေ။