Source: Myanmar Idol Facebook Page

ဒီကနေ့ သြဂုတ်လ ၃ရက်နေ့မှာတော့ Myanmar Idol ပြိုင်ပွဲဝင် သုံးယောက်ကနေပြီးတော့ Grand Final ကို တက်ရောက်ခွင့်ရတဲ့ နှစ်ဦးကို ကြေညာလိုက်ပါပြီ။ သူတို့ကတော့ ချမ်းမြေ့မောင်ချို နဲ့ ဖြိုးမြတ်အောင်တို့ပဲ ဖြစ်ပါတယ်။

Source: Myanmar Idol Facebook Page

ချမ်းမြေ့မောင်ချိုဟာ တေးသီချင်းတွေ သီဆိုရာမှာ စာသားတွေမေ့တတ်တယ်လို့ ဝေဖန်မှုအများအပြားရှိနေပေမယ့်လည်း သူ့ကို ချစ်တဲ့ပရိသတ်တွေဟာလည်း များပြားလွန်းလှပါတယ်။ ငယ်ရွယ်သွက်လက်တဲ့ သူ့ဟန်ပန် ၊ ချစ်စရာ မျက်နှာလေးနဲ့ ချိုသာတဲ့ အသံလေးတွေကြောင့် ပရိသတ်ရဲ့ အချစ်ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

Source: Myanmar Idol Facebook Page

ဖြိုးမြတ်အောင်ဟာဆိုရင်လည်း ရိုးသားတဲ့ ပုံစံလေးနဲ့ ဆိုနိုင်အားကောင်းသလို ထူးခြားတဲ့  ပါရမီရှင် အဖြစ် အသံကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို လက်ခံရရှိထားသူ ဖြစ်ပါတယ်။

Source: Myanmar Idol Facebook Page

ပြိုင်ပွဲဝင်တွေထဲက ဒီကနေ့  နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ ဇော်ကြီးဟာဆိုရင် ပြိုင်ပွဲဝင် ၄ ယောက်ပဲကျန်ရှိတဲ့အချိန်မှာ  Pantene  White Card နဲ့ ပြန်လည်ရောက်ရှိခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ပါတယ်။ ခုချိန်မှာတော့ သူဟာ Myanmar Idol ပြိုင်ပွဲကနေ အပြီးအပိုင် နှုတ်ဆက်သွားတာလည်း ဖြစ်ပါတယ်။

Source: Myanmar Idol Facebook Page

VOTING စနစ်နဲ့ ရွေးချယ်တာဖြစ်တဲ့အတွက် ဒီနေ့မှာ Grand Final ကို တက်ရောက်ခွင့်ရတဲ့ ကံထူးရှင်တွေကတော့ နောက်တစ်ပတ်စနေနေ့မှာ ပြန်လည်ယှဉ်ပြိုင်ရမှာပါ။ ဒီတော့ ပရိသတ် အရမ်းစိတ်ဝင်စားနေတဲ့ Myanmar Idol Season 3 ရဲ့ winner ဆုရှင် ဘယ်သူဖြစ်မလဲဆိုတာကိုတော့ နောက်တစ်ပတ်စနေနေ့မှာ ရင်ခုန်စွာစောင့်မျှော်ကြည့်ရှူကြရမှာပါ