အမျိုးသားအများစုဟာ ဘယ်နေရာသွားသွား ကျောပိုးအိတ်ဖြစ်ဖြစ် လက်ကိုင်အိတ်ဖြစ်ဖြစ်တစ်ပါတည်း ကိုင်ဆောင်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ပစ္စည်းအများကြီးကို လက်ကမကိုင်ချင်လို့ပါတဲ့ အိတ်ထဲအကုန်ပစ်ထည့်လိုက်တာက သူ့တို့အတွက်ပို အဆင်ပြေစေပါတယ်တဲ့။
အသက်ငယ်စဉ်တော့ ကျောပိုးအိတ်လွယ်တာကကြည့်ကောင်းပါတယ် သို့ပေမဲ့ လုပ်ငန်းခွင်ထဲဝင်ပြီဆိုရင်တော့ အိတ်ပုံစံချိန်းပြီးတော့ကိုင်သင့်တာပေါ့။ နေရာတကာ မွေးစကတည်းကနေ ကြီးတဲ့အထိကျောပိုးအိတ်နဲ့ဆိုရင်တော့ အလုပ်မဖြစ်ပါဘူး အဝတ်အစားပုံစံ ကို အသက်အရွယ်အလိုက် upgrade လုပ်သလို အိတ်ကိုလည်းအသက်အပိုင်းအခြားအလိုက် အသုံးပြုသင့်ပါတယ်။
အိတ်ကို ဖြစ်သလို တွေ့ရာဆွဲကိုင်တာဟာ ဘာနဲ့တူလည်းဆိုတော့ အနက်ရောင်ဘောင်းဘီမှာ သွားတိုက်ဆေးစွန်းသလို ကွက်ကွက်ကွင်းကွင်းကြီးနဲ့ ကြည့်ရဆိုးစေမှာ အသေချာပါပဲ။ ဒီလိုတွေမဖြစ်ရလေအောင် ဘယ်လိုအိတ်မျိုးပဲကိုင်ကိုင် သိထားသင့်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
Source: Shutterstock
ကိုယ်ဝတ်ထားတဲ့ အဝတ်နဲ့မလိုက်တဲ့ အိတ်ကိုကိုင်ဆောင်တာမျိုးပဲဖြစ်ပါတယ်။ အနည်းဆုံး ကိုယ့် အဝတ်နဲ့ အပ်စပ်မယ့် အိတ်တွေကိုကိုင်သင့်ပါတယ်။ လူမြင်ကွင်းမှာရုပ်မပေါက်ချင်ရင်ပေါ့။
Source: Shutterstock
ဒါကတော့ ဖက်ရှင်မျက်စိမရှိတဲ့သူတွေ ကိုသတိပေးတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကိုယ်ဟာ Colour Blind မဟုတ်ဘူးဆိုရင်တော့ ဘယ်အရောင်နဲ့ဘယ်အရောင်နဲ့ တွဲရင်အဆင်ပြေတယ် မပြေဘူးဆိုတာလောက်တော့သိသင့်ပါတယ်။ ပြောချင်တာကတော့ အရောင်ကို ဦးစားပေးပြီး Match ဖြစ်တဲ့ ဟာကိုရွေးကိုင်ပါ။
အိတ်တိုင်းဟာ နေရာတိုင်းနဲ့မသင့်တော်ပါဘူး ဥပမာပေးရရင် Beach ကို Suitcase နဲ့ ရုံးသွားသလို ဘယ်သူမှမကိုင်ဆောင်သွားပါဘူး။ တကယ်လို့ကိုင်သွားရင်လည်းသင်ဟာ လူထူးလူဆန်းတယောက်ဖြစ်နေပြီဆိုတာ ကိုယ့်ဟာကိုယ်သိလိုက်ပါ။
Source: Shutterstock
Leather အိတ်တွေကိုင်မယ်ဆိုရင် ဖြစ်နိုင်ရင်အတုတွေမကိုင်ပါနဲ့ ဈေးပေါတိုင်းမကောင်းတာကို ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ Leather ကတော့ ချွင်းချက်အနေနဲ့ စိတ်ချရတဲ့ Brand မှရွေးကိုင်တာကောင်းပါတယ်။ အတုတွေဆို တင်းရင်းမှုမရှိဘဲ လျှော့တိလျှော့ရဲနဲ့ ကြည့်ရအတော်ဆိုးပါတယ်။ Leather အစစ်တိုင်းဟာလည်းဈေးမကြီးပါဘူး။
သေးသေးမွှားမွှား အကန့်အများကြီးတွေ ခွဲထားတဲ့ အိတ်မျိုးကို မကိုင်သင့်ပါ။ အလုပ်သွားရုံလောက်ဆိုသင့်တော်ပေမဲ့ အမြဲတမ်း ထသွားထလာလွယ်ဖို့ကျတော့ ထင်သလောက်အဆင်မပြေပါဘူး။ ပြီးရင် ပစ္စည်းတွေဘာတွေလည်း ဘယ်နေရာထည့်မိလို့ထည့်မိမှန်းမသိ ပျောက်ရှနိုင်ပါတယ်။
Source: Shutterstock
အိတ်ကိုင်ပြီး တလတစ်ခါလောက်မှ မလျှော်တာတို့ Leather ဆိုလည်း Polish မတင်ပေးတာတို့ဆိုရင် အိတ်တွေကအရွဲမြန်ပါတယ်။ အဝတ်အစားတွေ မညစ်ပတ်အောင် လျှော်ပေးရသလို အိတ်တွေကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင် လျှော်ပေးသင့်တာပေါ့။ ဒါမှလည်းအပြင်ထွက်တဲ့အခါ ကြည့်ရတာသန့်နေမှာပေါ့။
Source: Shutterstock
နောက်ဆုံးအနေနဲ့ သတိပေးချင်တာကတော့ အိတ်ပါတာပဲဆိုပြီးတွေ့သမျှ ပစ်မထည့်သင့်ပါဘူး။ မလိုအပ်တဲ့ အရာတွေကိုဖယ်ရှားသင့်ပါတယ်။ တစ်ချို့ဆို အမိုက်တွေတောင်မထုတ်ပဲ ပစ်စလက်ခက် ထားတာမျိုးလည်းရှိပါတယ်။ တွေ့သမျှထည့်ပြီးအရမ်းဖောင်းကားနေတော့ ကြည့်ရတာလည်း ဖက်ရှင်မကျ အိတ်လည်းပျက်စီးစေနိုင်ပါတယ်။ ပြောချင်တဲ့ အရာကတော့ဒါအကုန်ပါပဲ။ စတိုင်ကျလှပ ပုရိသတွေဖြစ်စေဖို့ ဒီနည်းလေးတွေကို သေချာမှတ်သားကြပါ။