ပါတီတွင်း တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှု ရရှိစေတဲ့ နည်းလမ်းလေးတွေ အများကြီးပါ။ ဒီနည်းလမ်းလေးတွေက လုပ်ရလည်း လွယ်ကူမယ် အားလုံးအတွက်လည်း FAIR ဖြစ်မယ့် ပုံစံလေးတွေလည်း ဖြစ်ဖို့လိုအပ်ပါတယ်။ ကဲ ပါတီတွင်း ဘယ်လို ပျော်စရာလေးတွေ ဖန်တီးကြမလဲ။

Source: wisebread.com

ပါတီလာတဲ့သူတွေကို လက်ဆောင်ပေးတာမျိုးပဲဖြစ်ဖြစ် ၊ တစ်ယောက်ကို ဘယ်လောက်ဆိုပြီး ပိုက်ဆံတောင်းခံပြီး ပစ္စည်းတွေ ဝယ် မဲဖောက်တာပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ်လည်း တစ်ယောက်ချင်းစီ ဝယ်ချင်တာဝယ်ပြီး အပြန်အလှန်ပြန်မဲဖောက်တာပဲ ဖြစ်ဖြစ် လုပ်တာမျိုးကလည်း ပါတီတွင်း လူတွေကို မျှော်လင့်ချက်နဲ့အတူ ပိုပျော်ရွှင်တက်ကြွစေပါတယ်။

Source: wisebread.com

တစ်နေ့နဲ့ တစ်နေ့ အလုပ်တွေနဲ့ ငြီးငွေ့ဖွယ် ပိတ်လှောင်ခဲ့ကြတဲ့သူတွေအတွက် ငယ်ငယ်က ဂိမ်းလေးတွေ ပြန်ဆော့ကြတာဟာလည်း ပါတီမှာ စိတ်ကို ပေါ့ပါးပျော်ရွှင်စေပါတယ်။ ဘောလုံးပစ်ကြမယ် ၊ မိုနိုပိုလီဆော့ကြမယ်၊ မြွေဂိမ်းဆော့ကြမယ် ၊ တစ်ယောက်တစ်ပေါက် အော်ဟစ်ငြင်းခုန်ရင်း ဆော့နေရမယ်ဆို ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေကိုလည်း မေ့လျော့သွားပါလိမ့်မယ်။

Source: wisebread.com

ခုကစားနည်းလေးတွေ နည်းလမ်းလေးတွေက အထူးသဖြင့် ကျောင်းပါတီတွေ ၊ အလုပ်ခွင်က ဝန်ထမ်းတွေ သီးသန့်ပြုလုပ်တဲ့ ပါတီတွေ ၊ ငယ်သူငယ်ချင်းတွေ စုဖွဲ့ပြီး ပြန်လည်ပေါင်းစည်းကြတဲ့ ပါတီတွေမှာ အသုံးပြုနိုင်ပါတယ်။ အားလုံးပဲ ပါတီချိန်တွင်းမှာ ပျော်ရွှင်နိုင်ကြပါစေ။