မကြာသေးခင်အချိန်က တေးချစ်သူပရိသတ်ကြီးရဲ့ ရင်ထဲကို အသံအားကောင်းကောင်းနဲ့ ၀င်ရောက် ထိုးဖောက်သွားခဲ့တဲ့ တေးသံရှင်တစ်ဦးကတော့ အဆိုတော် ငွေစိုးပဲဖြစ်ပါတယ်။

The Voice Myanmar

Source : Ngwe Soe

The Voice Myanmar သီချင်းဆိုပြိုင်ပွဲ အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ ၂၀၁၈ခုနှစ်မှာ စတင်ကျင်းပခဲ့ တာဖြစ်ပါတယ်။ ဒိုင်တွေအဖြစ် အဆိုတော်လင်းလင်း၊ရန်ရန်ချန်း၊ကျားပေါက်နဲ့ နီနီခင်ဇော်တို့က တာဝန်ယူ ခဲ့ပါတယ်။

Winner ငွေစိုး

Source: Ngwe Soe

၂၀၁၈ခုနှစ်၊ The Voice Myanmar ရဲ့ Winner ဖြစ်ခွင့်ရခဲ့သူကတော့ မန္တလေးသား ငွေစိုးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိခဲ့ပြီး Winner ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွား ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

အနုပညာဝါသနာ

Source: Ngwe Soe

Winner ငွေစိုးဟာ အနုပညာကို ငယ်စဉ်ထဲက ရူးသွပ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ ကျောင်းသားဘ၀မှာ ထဲက သီချင်းတွေနဲ့ ရင်းနှီးနေခဲ့ပြီး သူငယ်ချင်းတွေ စုပေါင်းကာ Venus ဆိုတဲ့ Band လေးတစ်ခုကိုလည်း ထူထောင်ထားပါတယ်။

Winner ဆုကို ဆွတ်ခူးခဲ့တဲ့ သီချင်း

Source: Ngwe Soe

The Voice Myanmar Final မှာ Winner ငွေစိုးအဖြစ် ရပ်တည်ခွင့်ပေးခဲ့တဲ့ သီချင်းကတော့ အဆိုတော် ထူးအိမ်သင်ရဲ့ ဂန္တ၀င်မြောက်တဲ့ ရာဇ၀င်များရဲ့သတို့သမီး သီချင်းပဲဖြစ်ပါတယ်။ Performance ကောင်းကောင်းနဲ့လည်း ပရိသတ်ကို ဆွဲငင်ယူနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှု

Source: Ngwe Soe

အဆိုတော် ငွေစိုးဟာ အနုပညာခြေလှမ်းအဖြစ် တကယ်ဝေးခဲ့ရင် ဆိုတဲ့ တေးအယ်လ်ဘမ်တစ်ခုကို ပရိသတ် ရှေ့မှောက်အရောက်ပို့ပေးတော့မယ့် အကြောင်း သတင်းကောင်းပါးခဲ့ပါတယ်။