ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ The Weeknd ရဲ့ နာမည်အရင်းကတော့ Abel Makkonen Tesfaye ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Canadian သားတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာ သီချင်းတွေတော်တော်များများကို ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုပြီး အရည်အချင်းရှိတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

Source: theweeknd.com

Tesfaye ဟာ ၂၀၁၀ လောက်တည်းက The Weeknd နာမည်နဲ့မအောင်မြင်စဉ်ကတည်းက You Tube မှာသီချင်းတွေကို အသစ်တွေကိုဝေမျှရင်း လူသိများလာကာ ၂၀၁၁ မှာတော့ House of Balloons ၊ Thursday ၊ Echoes of Silence ဆိုတဲ့ Mixtape တွေထွက်ရှိလာပြီး ၂၀၁၂ မှာတော့ Trilogy ဆိုတဲ့ Album ကို Republic Records နဲ့ တကွပူးပေါင်းကာထွက်ရှိခဲ့ပြီး နောက်ပိုင်း XO ဆိုတဲ့ ကိုယ်ပိုင် Record Label ကိုတည်ထောင်ခဲ့ပါတယ်။

Source: theweeknd.com

နောက်တော့  ၂၀၁၅  မှာBeauty Behind the Madness ၊ ၂၀၁၆ မှာ Starboy ၊ ၂၀၁၈ မှာ My Dear Melancholy ဆိုတဲ့ Album တွေအပြင် ၂၀၁၃ မှာ Kiss Land က US Billboard 200 မှာပါဝင်လာပါတယ်။ Ariana Grande နဲ့အတူတကွ သီဆိုထားတဲ့ Love Me Harder ဟာဆိုရင် Billboard 100 မှာTop Ten ဝင်ခဲ့တဲ့ အထိအောင်မြင်မှုကို ရပါတယ်။ သူ့ရဲ့ နာမည်ကြီးတဲ့ သီချင်းတွေကတော့ Earned It , I Feel It Coming, Pray For Me , Call Out My Name, The Hills, Can’t Feel My Face, Starboy စတဲ့ သီချင်းတွေပဲဖြစ်ပါတယ်။ Can’t Feel My Face ၊ Earned It The Hills သီချင်းတွေနဲ့ Grammy Awards တို့ Juno Awards တို့ရရှိခဲ့ပါသေးတယ်။

Source: theweeknd.com

အခုလည်း လတ်တလော ၂၀၁၈ ကပဲထွက်ထားတဲ့ My Dear Melancholy Album ရဲ့ Asian Tour ကို လာမယ့် November 23 မှာ December 18 ရက်နေ့အထိ အာရှတစ်ခွင် ပြုလုပ် ဖျော်ဖြေသွားမှာပဲ ဖြစ်ပါတယ်။

Source: theweeknd.com