မကြာသေးခင် အချိန်က ကွယ်လွန်သွားခဲ့တဲ့ နာမည်ကျော် အမျိုးသမီး အဆိုတော်ကြီး Aretha Franklin ရဲ့ ဈာပန အခမ်းအနားမှာ သူမရဲ့ အရင်းနှီးဆုံး မိတ်ဆွေဖြစ်တဲ့ အဆိုတော်ကြီး Stevie Wonder က အံ့သြဖွယ်ရာ တင်ဆက်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။

လူကြိုက်များ ကျော်ကြားခဲ့တဲ့ အမျိုးသမီးအဆိုတော်ကြီး Aretha Franklin

Source: semana.com

Aretha Franklin ရဲ့ အမည်အပြည်အစုံက Aretha Louise Franklin ဖြစ်ပြီး အမေရိကန်နိုင်ငံ မှာ ၁၉၄၂ခုနှစ်က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ အဆိုတော်တစ်ဦး ဖြစ်တဲ့အပြင် တေးရေးဆရာမ၊နဲ့ စန္ဒယားဆရာမ အဖြစ်ပါ လူကြိုက်များ ကျော်ကြားခဲ့ပါတယ်။

ဝမ်းနည်းဖွယ်

Source: BBC.com

အသက် ၇၆နှစ်အရွယ် အမျိုးသမီး အဆိုတော် Aretha Franklin ဟာ ၂၀၁၈ခုနှစ်ရဲ့ သြဂုတ်လ၊ ၁၆ ရက်နေ့မှာ ၀မ်းနည်းဖွယ်ရာ ကွယ်လွန် အနိစ္စရောက်ခဲ့ပါတယ်။

အခင်ဆုံး မိတ်ဆွေ အဆိုတော်ကြီး Stevie Wonder

Source: aceshowbiz.com

အသက် ၆၈နှစ်အရွယ် နာမည်ကျော် အဆိုတော်ကြီး Stevie Wonder ဟာ အမေရိကန်နိုင်ငံ မှာမွေးဖွားခဲ့ပြီး ကွယ်လွန်သူ အမျိုးသမီးအဆိုတော်ကြီး Aretha Franklin နဲ့ အရင်းနှီးဆုံး ဂီတမိတ်ဆွေ တွေဖြစ်ခဲ့ပါတယ်။

အံ့သြဖွယ် Performance

Source: Boing Boing

မိတ်ဆွေဖြစ်သူ အမျိုးသမီး အဆိုတော်ကြီး Aretha Franklin ရဲ့ ဈာပနအခမ်းအနားမှာ သူမရဲ့ မိတ်ဆွေဖြစ်သူ အဆိုတော်ကြီး Stevie Wonder က “ Lord’s Prayer” ဆိုတဲ့ ပရိသတ် အံသြဖွယ်ရာ Performance တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

တေးသီချင်းနဲ့သီဆိုဖျော်ဖြေ

Source: Clizbeats.com

အဆိုတော်ကြီး Stevie Wonder ဟာ သူ့ရဲ့ အခင်ဆုံးမိတ်ဆွေ အမျိုးသမီးအဆိုတော် Aretha Franklin ရဲ့ ဈာပနပွဲမှာ ‘ As’ ဆိုတဲ့ သူ့ရဲ့နာမည်ကျော် သီချင်းကောင်းတစ်ပုဒ်နဲ့ လည်း သီဆိုနှုတ်ဆက် ခဲ့ပါသေးတယ်။