ကမ္ဘာတစ်ဝန်းလုံးက ပုရိသတွေရဲ့ အသည်းကျော် အဆိုတော် Jennifer Lopez ဟာ ၂၀၁၈ခုနှစ်မှာ သူမရဲ့ အနုပညာမှတ်တိုင်သစ်ကိုစိုက်ထူနိုင်ခဲ့ ပြန်ပါတယ်။
J.Loရဲ့ အနုပညာလမ်းကြောင်း
Source: Emirates Woman
၁၉၆၉ခုနှစ်မှာ မွေးဖွားခဲ့တဲ့ အမေရိကန် အဆိုတော် J.Loဟာယနေ့အချိန်တွင် အသက် ၄၉နှစ်အရွယ် အနုပညာရှင် တစ်ဦးအဖြစ် အနုပညာလမ်းကြောင်းအောင်မြင်စွာဆက်လက်လျှောက်လှမ်းလျက်ရှိပါတယ်။ ၁၉၉၁ခုနှစ်မှာ စတင်လုပ်ကိုင်ခဲ့တဲ့ အနုပညာလုပ်ငန်းတွေကိုတွက်ဆကြည့်ခြင်းအားဖြင့် သူမရဲ့ အနုပညာ သမ္မာနဲ့ဝါကို ခန့်မှန်းကြည့်လို့ရပါတယ်။
၂၀၁၈ခုနှစ်ရဲ့ မှတ်တိုင်သစ်
Source: NY Daily News
ယခု ၂၀၁၈ခုနှစ်မှာ ကမ္ဘာကျော် အနုပညာရှင် J.Loဟာအနုပညာမှတ်တိုင်သစ် ကိုစိုက်ထူလိုက်ပြန် ပါတယ်။ သြဂုတ်လအတွင်းကနယူးယော့ခ်မြို့မှာကျင်းပခဲ့တဲ့ MTV Michael Jackson Vanguard ဆုကိုထိုက်တန်စွာဆွတ်ခူးရရှိခဲ့ပါတယ်။
MTV Michael Jackson Vanguardဆုဆိုတာဘာလဲ။
Source: iCollector.com
MTV Michael Jackson Vanguardဆိုတာကတော့ ဂီတနဲ့ ရုပ်ရှင်လောကမှာထိပ်တန်းရောက် အအောင်မြင်ဆုံးအနုပညာရှင်ကိုဂုဏ်ပြုချီးမြှင့်တဲ့ ဆုပဲဖြစ်ပါတယ်။ ၁၉၈၄ခုနှစ်မှာ MTV Music Awards အဖြစ် စတင်ခဲ့ပြီး ၁၉၉၁ခုနှစ်မှာတော့ ကမ္ဘာကျော် အဆိုတော်ကြီးမိုက်ကယ်ဂျက်ဆင်ကိုဂုဏ်ပြုသောအားဖြင့် MTV Michael Jackson Vanguardဆိုပြီးပြောင်းလဲချီးမြှင့်ခဲ့ပါတယ်။
၂၀၁၇ခုနှစ်မှာ မည်သည့်အနုပညာရှင်ကဆွတ်ခူးရရှိခဲ့လဲ။

Source: Yahoo
ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်မှာ MTV Michael Jackson Vanguardဆုကိုဆွတ်ခူးရရှိခဲ့တဲ့ အနုပညာရှင်ကတော့Pink ပဲဖြစ်ပါတယ်။ What about Us ဆိုတဲ့ MTV နဲ့ ဆွတ်ခူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။