အတော်ရီစရာကောင်းတဲ့အတွေးတစ်ခုဖြစ်ပါတယ်။ လောကမှာအလကားရတဲ့ပစ္စည်းရှိနိုင်မလား ဆိုတဲ့မေးခွန်းလိုပေါ့။ အယူရှိရင် အပေးပြန်ရှိရပါတယ်။ လောကမှာ ဘယ်အရာမှ အလကားမရနိုင်သလို အလိုလိုနေရင်းလည်း သူဌေးမဖြစ်နိုင်ပါဘူး။

မိဘ၊ ဘိုးဘွားစဉ်ဆက်ချမ်းသာကြွယ်ဝခြင်း

Source: shutterstock.com

ရှေးအတိတ်ကံကောင်းတဲ့အတွက် ဘိုးဘွားစဉ်ဆက်ကြွယ်ဝချမ်းသာကြတဲ့ ပုဂ္ဂိုလ်တွေရှိနိုင်ပါတယ်။ ကံကောင်းလို့သူဌေးဖြစ်နေပေမယ့် ယခုလက်ရှိအချိန်မှာ ဝီရိယနဲ့ လုံ့လမရှိခဲ့ရင် ကိုယ့်ရဲ့ချမ်းသာကြွယ်ဝမှုကို သားစဉ်မြေးဆက် လက်ဆင့်မကမ်းနိုင်တဲ့အပြင် ကိုယ်ကိုတိုင်လည်း ဆင်းရဲသားဘဝကို ခဏအတွင်းရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင်အရည်အချင်း

Source : Girls Chase

ချမ်းသာကြွယ်ဝမှုဟာ ကံနဲ့လည်းဆိုင်သလို ကိုယ်ပိုင်အရည်အချင်းရှိမှုနဲ့လည်း သက်ဆိုင်ပါတယ်။ ဘယ်လောက်ချမ်းသာနေပါစေ၊ ကိုယ်ပိုင်အရည်အချင်းမရှိတဲ့သူတစ်ယောက်အဖို့ ချမ်းသာကြွယ်ဝမှုက တခဏမျှသာ ဖြစ်ပါလိမ့်မယ်။

ကြိုးစားအားထုတ်မှု

Source : poegroupadvisors.com

လောကမှာ ဘယ်အရာမှ အလကားမရနိုင်ပါဘူး။ ကံဇာတ်ဆရာကြောင့် တချို့တွေက နည်းနည်းကြိုးစားအားထုတ်ရသလို တချို့တွေက အားသွန်ခွန်စိုက်ကြိုးစားအားထုတ်မှ ချမ်းသာခြင်းတွေကို ရရှိပိုင်ဆိုင်နိုင်တာဖြစ်ပါတယ်။ လုံလောက်တဲ့ကြိုးစားအားထုတ်မှုတွေသာမရှိခဲ့ရင် သင်ဘယ်တော့မှ သူဌေးတစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။

ဇွဲ၊ လုံ့လ

Source : Shutterstock

ကိုယ်ပိုင်ဆိုင်တဲ့ချမ်းသာမှုတွေကို ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် အမြဲကာကွယ်နေဖို့လိုအပ်ပါတယ်။ ကိုယ့်မှာဇွဲ၊ လုံ့လတွေသာမရှိခဲ့ဘူးဆိုရင် ချမ်းသာကြွယ်ဝမှုတွေဟာ ဇွဲ၊ လုံ့လရှိသူတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားမှာပဲဖြစ်ပါတယ်။