အလုပ်ကိစ္စနဲ့ဖြစ်စေ၊ အပျော်သဘောဖြစ်စေ ခရီးတွေသွားကြရပါတယ်။ ခရီးတစ်ခုသွားဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေအများကြီးလိုပါတယ်။ အချိန်ယူပြင်ဆင်လို့မရဘဲ အမြန်ချက်ခြင်းထသွားလိုက်ရတဲ့ ခရီးတွေအတွက် မပါမဖြစ်အသုံးအဆောင်ပစ္စည်းတွေကို ထည့်ယူသွားသင့်ပါတယ်။

သွားပွတ်တံနဲ့ သွားတိုက်ဆေး

Source: ru.pngtree.com

ကိုယ်သွားမယ့်ခရီးက မြို့ပေါ်လိုနေရာမျိုးဆိုရင် ကိစ္စမရှိပေမယ့် ဝေးလံခေါင်သီတဲ့ခရီးမျိုးဆိုရင်တော့ မပါမဖြစ်ယူဆောင်သွားရမယ့် ပစ္စည်းက သွားပွတ်တံနဲ့သွားတိုက်ဆေးပဲဖြစ်ပါတယ်။ အများနဲ့ပြောဆိုဆက်ဆံတဲ့နေရာမှာ ခံတွင်းသန့်ရှင်းရေးကအရေးကြီးလှပါတယ်။

မျက်နှာသုတ်ပုဝါ

Source: Rent Me Today

တခါသုံးတစ်ရှူးတွေ၊ စနိုးတာဝါတွေ အလွယ်တကူဝယ်လို့ရနိုင်ပေမယ့် မျက်နှာသုတ်ပုဝါလောက် အဆင်မပြေနိုင်ပါဘူး။ နေရာမရွေး၊ အချိန်မရွေးအသုံးပြုနိုင်တဲ့ ကိုယ်ပိုင်မျက်နှာသုတ်ပုဝါတစ်ထည်ကို မပါမဖြစ်ယူဆောင်သွားသင့်ပါတယ်။

အတွင်းခံအ၀တ်များ

Source: lyst.com

မမေ့မလျော့ယူဆောင်သွားရမယ့် အသုံးအဆောင်တစ်ခုဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အတွင်းခံအ၀တ်တွေက ဘယ်နေရာကိုပဲသွားသွား မရှိမဖြစ်ပစ္စည်းတွေပဲဖြစ်ပါတယ်။

Phone Power Bank

Source: REALTOR Team Store

မိသားစုနဲ့ဖြစ်စေ၊ အလုပ်ကိစ္စနဲ့ဖြစ်စေ အမြဲအဆက်အသွယ်မပြတ်ဖို့က အရေးကြီးပါတယ်။ ခရီးသွားနေစဉ်အတွင်း ဖုန်းအားကုန်ပြီးအဆက်အသွယ်ပြတ်သွားတာမျိုးမဖြစ်ရအောင် ဖုန်း Power Bank တစ်ခုကိုလည်း မဖြစ်မနေယူဆောင်သွားသင့်ပါတယ်။