ယောက်ျားလေးအများစုဟာ လက်ကိုင်အိတ်တွေထက် လက်ထဲမှာရှုပ်မနေဘဲ လွယ်ရတဲ့ Backpack ကို သဘောကျကြတာများပါတယ်။ ငယ်စဉ်အချိန်ကလွယ်တဲ့ အိတ်မျိုးတွေနဲ့မတူဘဲ တမျိုးကွဲထွက်တဲ့ Backpack ဒီဇိုင်းကို လွယ်သင့်ပါတယ်။ လွယ်အိတ်တွေက ကလေးတော့ဆန်ပေမယ့် လူကြီးပါလွယ်လို့ရအောင် Upgrade လုပ်ထားတဲ့ Version တွေလည်းရှိပါတယ်။
Backpack ပေမယ့်လည်း Briefcase လိုမျိုး အလုပ်သွားရင်လည်း အဆင်ပြေအောင်၊ အပြင်သွားရင်လည်း Smart ဖြစ်နေအောင် ရည်ရွယ်ပြီး အသားပေးထုတ်ထားတဲ့ အိတ်တွေပဲဖြစ်ပါတယ်။ လူကြီးတွေအတွက်ထုတ်ထားတဲ့ လွယ်အိတ်အများစုဟာ သားရေနဲ့ပဲလုပ်လေ့ရှိပါတယ်။
Padded Pak’r Backpack
Source: esquire.com
ငယ်ငယ်တုန်းကကြိုက်ခဲ့တဲ့ လွယ်အိတ်မျိုးနဲ့ အနည်းငယ်ဆင်တူပေမယ့် Tan Leather သားရေနဲ့ပြုလုပ်ထားတာဖြစ်လို့ လူကြီးဆန်စေပါတယ်။
Walnut Hill Leather Backpack
Source: esquire.com
ဒီဇိုင်းကဆန်းပြီး ဖက်ရှင်လည်းကျစေမှာပါ။ ရုံးသွားမှပဲ မဟုတ်ပါဘူး/ အပြင်သွားတဲ့အခါ လွယ်လည်းသင့်တော်ပါတယ်။
Full Grain Leather Backpack
Source: esquire.com
လေးထောင့်ပုံစံလေးဖြစ်ပြီး Leather ပါတဲ့ Percent များလို့ တောင့်တင်းပြီး အကြမ်းခံစေပါတယ်။
Harrison Bates Leather Backpack
Source: esquire.com
ခရီးသွားဖို့ ပစ္စည်းတွေကို စနစ်ကျကျထည့်ချင်တယ်ဆိုရင်တော့ ဒီ Leather Backpack လေးကို ရွေးသင့်ပါတယ်။
Zaino Leather Backpack
Source: esquire.com
ဒီတစ်ခုကတော့ အီတလီကသားရေနဲ့ လုပ်ထားတာဖြစ်ပြီး Fancy လွယ်မယ်ဆိုရင် သင့်တော်ပါတယ်။ အကြမ်းတော့သိပ်မခံပါဘူး။
Anton Backpack
Source: esquire.com
ရိုးရိုးရှင်းရှင်းဒီဇိုင်းကို ကြိုက်တဲ့သူမျိုးဆို ဒီ Backpack မျိုးကို ရွေးသင့်ပါတယ်။ Cutting ကလည်း သပ်သပ်ရပ်ရပ်လေးနဲ့ Simple ပဲ ကိုင်ချင်သူတွေအတွက်ဆို ပိုသင့်တော်ပါတယ်။