Formal Wear တွေနဲ့မှ စတိုင်ကျချင်တဲ့ အမျိုးသားတွေအတွက် ဒီတပတ်မှာတော့ Suit နဲ့ပတ်သက်ပြီး မဖြစ်မနေသိသင့်တဲ့ Rules တွေကို ဝေမျှပေးချင်ပါတယ်။
Source: Shutterstock
၁။ Suit အောက်မှာခံဝတ်မယ့် ရှပ်အင်္ကျီရဲ့ကော်လံအစနဲ့ Neck Tie အကျယ်က ညီရပါမယ်။ Tie ရဲ့ Width ကကျယ်ပြီး ပိုကြီးမနေရပါဘူး။
၂။ Suit ဝတ်ရင် မတူညီတဲ့ Lapels ကို သိထားပြီး ကိုယ့်အကြိုက်ဟာ ဘယ်ပုံစံဖြစ်မလဲဆိုတာကို သိထားသင့်ပါတယ်။
၃။ Suit Jacket ရဲ့အင်္ကျီလက်ဟာ လက်ကောက်ဝတ်အဆစ်နားလောက်ပဲရှိသင့်ပါတယ်။
Source: Shutterstock
၎။ Suit အောက်ခံရှပ်အင်္ကျီအရှည်က Jacket နဲ့ လက်မဝက်လောက်ကွာရပါမယ်။
၅။ Suit နဲ့တွဲဝတ်မယ့် ခါးပတ်အပြားဟာ သေးသင့်ပါတယ်။
၆။ အရပ်ပိုရှည်တယ်လို့ အထင်ခံချင်ရင် Suit ကို ခါးပတ်မပါပဲဝတ်ပါ။
၇။ ဘောင်းဘီနဲ့ပတ်သက်ပြီး ပြောရရင်တော့ Cuff အောက်အနားခေါက်ထားတာကို ဖြန့်လိုက်ရင် ဒါမှမဟုတ် ဖြတ်လိုက်ရင် အောက်ပိုင်းရှည်တယ်လို့ထင်ရမှာပါ။
Source: Shutterstock
၈။ Pocket Squares က Suit ဝတ်တိုင်းပါသင့်တဲ့ Accessory ပါ။
၉။ ဗြောင် Suit တွေထက် Pattern တွေ Shapes တွေပါရင် လူကြားထဲပိုထင်သာမြင်သာရှိမှာပါ။
၁၀။ Suit ဝတ်ထားရင် ထိုင်တဲ့အခါ ကြယ်သီးဖြုတ်လိုက်ဖို့ မမေ့သင့်ပါဘူး။ ခုနောက်ပိုင်း ကြယ်သီတစ်လုံးပဲပါတဲ့ Single Button Suit Jacket တွေဟာ ပိုမော်ဒန်ကျပြီး ခေတ်စားလာပါတယ်။
Source: Shutterstock
၁၁။ တစ်ခါတစ်လေကျတော့လည်း Suit ကို Jacket နဲ့ဝတ်ရတာရိုးလာရင် Vest နဲ့စမ်းဝတ်ကြည့်သင့်ပါတယ်။
၁၂။ မရိုးရအောင် Neck Tie နဲ့ Bow Tie ကို အလှည့်ကျဝတ်ပေးပါ။
၁၃။ ရှူးဖိနပ်နဲ့ Suit အရောင်ကိုကောင်းကောင်းတွဲတတ်ပါစေ။
Source: Shutterstock
၁၄။ Good Fit ဖြစ်ဖို့က Suit ကိုဝတ်တော့မယ်ဆိုရင် ဦးစားပေးသင့်ဆုံးအချက်ပါ။
၁၅။ Tailor နဲ့မချုပ်ဖြစ်ပဲ Suit ဝယ်တော့မယ်ဆို ကိုယ့်ခန္ဓာကိုယ်အတိုင်းကို ကြိုသိထားဖို့လိုအပ်ပါတယ်။