ယေကျာ်းလေးတွေ ဖက်ရှင်တွေကလည်း အမျိုးသမီးတွေ ဖက်ရှင်လိုပဲ လျင်လျင်မြန်မြန်ပြောင်းလဲ နေကြပါပြီ။ဒါပေမယ့် အမျိုးသားတွေက အမျိုးသမီးတွေလို ဖက်ရှင်ဖက်ကို အရမ်းအချိန်မပေးကြတာတွေ့ရပါတယ်။အခု kwee page ကနေပြီးတော့ ကွီးတို့ရဲ့ဖက်ရှင်ကို ထိခိုက်စေမယ့် ဝတ်စားဆင်ယင်မှုတွေကို ပြောပြပေးသွားမှာပါ။

(၁) ခန်းဆီး လိုက်ကာနဲ့ ဆင်တူတဲ့ suit ဝတ်စုံတွေ

ခန်းဆီး လိုက်ကာနဲ့ဆင်တူတဲ့ suit ဝတ်စုံတွေ ဒါမှမဟုတ် ရုပ်ပုံတွေ ဆွဲထားတဲ့ suit ဝတ်စုံတွေက ဖက်ရှင်အနေနဲ့ ခံစားလို့ မရပါဘူး။ အရင်တုန်းကတော့ ပိုပြီးတောက်ပြောင်တဲ့ jacket တွေက ကြည့်ကောင်းတယ်လို့ လူတွေထင်ခဲ့ကြပါတယ်။

ရှပ်အင်္ကျီ လည်းတူတူပါပဲ။ အရောင်တွေတောက်နေမှ ကြည့်ကောင်းတယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါတွေက ခေတ်ဟောင်းမှ ကျန်ခဲ့ပါပြီ။

တကယ်လို့ကွီးတို ရုံးလုပ်ငန်းခွင်မှာ ကုတ်အင်္ကျီ တွေကို ယူနီဖောင်းအနေနဲ့ ဝတ်ဆင်ရမယ့်ဆိုရင် အရောင်ပါတဲ့ suit လေးတွေ ဝတ်ကြည့်ပါ။ ခရမ်းရောင် အပြာရောက်တွေက ယေကျာ်းလေးအများစုနဲ့ လိုက်ဖက်ပါတယ်။

(၂) V-neck (ဗီပုံစံ) တီးရှပ်တွေ

V-neck တီရှပ်တွေဝတ်တာက ယောက်ကျားလေးအများစု လုပ်မိနေတဲ့ အမှားကြီးတခုပါပဲ။ ကွီးတိုဟာ ကျော်ကြားတဲ့သူတွေ မဟုတ်ဘူးဆိုရင်တော့ ဒီလို တီးရှပ်တွေဝတ်ခြင်းမှာ ရှောင်ရှားကြဖို့ အကြံပေးပါရစေ။

တကယ်လို့ ကွီးဟာ ပူပြင်းတဲ့ နွေရာသီမှာ ယောကျာ်းဆန်ဆန်ဝတ် ချင်တယ်ဆိုရင် ချည်နဲ့ပြုလုပ်ထားတဲ့ တီးရှပ်တွေကို ရွေးချယ်ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။

(၃) Cargo ဘောင်းဘီတိုတွေ

ဒါက လူကြိုက်များတဲ့ ဘောင်းဘီတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့လူတွေကတော့ ဝတ်နေကြဆဲပါ။

ဒီ Cargo ဘောင်းဘီတိုတွေက လမ်းလျှောက်တဲ့အခါတွေမှာ တခုနဲ့တခု ထိခိုက်မိလို့ အသံတွေထွက်လာတတ်ကြတယ်။ ပြီးတော့ အိတ်ကပ်ကြီးတွေကလည်း ကွီးတို့ရဲ့တင်ပါးကို ရှိရင်းထက်ပိုပြီး ကြီးစေပါတယ်။

ဘောင်းဘီတို ဝတ်တော့မယ်ဆိုရင် အရှေ့အနောက်ပါပြီး ရိုးရှင်းတဲ့ ဘောင်းဘီမျိုးကိုသာ ရွေးချယ်ဖို့ အကြံပေးပါရစေ။

(၄) ခါးပတ်ခေါင်း အကြီးကြီးတွေပါတဲ့ ခါးပတ်တွေ

ဒီလိုခါးပတ်မျိုး ဝတ်ဆင်တာက ဖက်ရှင် အနေနဲ့ကြည့်ရင် အဆင်မပြေပါဘူး။ ဒါပေမယ့် တချို့လူတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ဝတ်နေတုန်းပါပဲ။

ကွီးတိုသာ နာမည်ကြီး ရှော့ခ်စတားတွေ မဟုတ်ရင်တော့ ဒီလို ခါးပတ်ခေါင်း အကြီးကြီးပါတဲ့ ခါးပတ်တွေ မဝတ်ဆင်ကြဖို့ တိုက်တွန်းပါရစေ။

ခါးပတ်ဝတ်မယ်ဆိုရင် ရိုးရှင်းပြီးတော့ အပိုအရုပ်တွေ မပါတဲ့ ခါးပတ်မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

(၅) ရှုးဖိနပ်နဲ့ခြေအိတ်အရောင်မတူတာ

ရှုးဖိနပ်အဖြူ စီးပြီး ခြေအိတ်အမည်းရောင် ဝတ်ထားတာက ကြည့်ရတာ တမျိုးကြီးပါပဲ။ ရှုးဖိနပ်နဲ့ ခြေအိတ်ကြားက အရောင်ကွာခြားမှုက ကွီးတို့ရဲ့ ဖက်ရှင် တခုလုံးကို ဖျက်စီးပစ်နိုင်ပါတယ်။

ဒါကြောင့် ရှုးဖိနပ်စီးတဲ့အချိန်မှာ ခြေအိတ်အတိုလေးတွေ ရွေးချယ်ဝတ်ဆင်ပေးပါ။ ခြေအိတ်အရောင်နဲ့ ဖိနပ်အရောင် ကွာဟမှု အရမ်းကြီး မရှိအောင်လည်း ဂရုစိုက်ပါ။

Source: Bright Side