တချို့ အပြုအမူတွေ ဝတ်စားဆင်ယင်မှုတွေက အရမ်းမိုက်ပြီးဂေါ်သွားနိုင်သလိုတချို့ ဝတ်စားဆင်ယင်မှုပုံစံတွေကလည်းလူုကြားထဲလုံးဝကို ဂွမ်းသွားစေပါတယ်။ ဒီတော့ အရင်ကအရမ်းဂေါ်စေမိုက်စေမယ့် အပြုအမူအဆင်အယင်တွေ တောက်လျှောက်ပြောပြခဲ့ပြီးပြီမို့ ခုတော့ လုံးဝမပြုလုပ်သင့်တဲ့ ပုံစံလေးတွေကိုပြောပြပေးချင်ပါတယ်။

ရှူးဖိနပ်မှာ ကြိုးချည်စတွေ အစထွက်နေတာ

Source : Businessinsider.com

ဖိနပ်မှာ ကြိုးစတွေထွက်နေတဲ့ပုံစံမျိုးလုံးဝမလုပ်ပါနဲ့။ ရှူးတွေဘာတွေ ဝတ်ဆင်တဲ့အခါမှာဖိနပ်ကြိုးတွေကို သေသေချာချာစနစ်တကျ ချည်နှောင်ပြီးဝတ်ဆင်သင့်ပါတယ်။ ဖိနပ်ကြိုးတွေ ရှုပ်ယှက်ခတ်ပြီးထွက်နေရင် ဘေးအမြင်လည်း မတင့်တယ်သလို အခန့်မသင့်ရင်လည်း ကိုယ့်ကြိုးနဲ့ ကိုယ် ခလုတ်တိုက်လဲနိုင်ပါတယ်။

တီရှပ်ကိုဘယ်လိုဝတ်ဆင်မလဲ

Source : Theidleman.com

တီရှပ်ကိုဝတ်ဆင်တဲ့အခါမှာလည်း အင်္ကျီလက်ကို ဒီအတိုင်းမဝတ်ဆင်ဘဲနဲ့ ခေါက်ဝတ်ပါ။ များသောအားဖြင့်တော့ ရှပ်အင်္ကျီတွေကိုသာ လက်ခေါက်ဝတ်တတ်ပြီး လက်တိုတဲ့ တီရှပ်ကိုတော့ လက်ခေါက်ဝတ်ရကောင်းမှန်းမသိပါဘူး။ ဒါ့ကြောင့် တီရှပ်ဝတ်ဆင်တဲ့အခါမျိုးမှာလည်း လက်ခေါက်ဝတ်ကြည့်ပါ။

နာရီအကောင်းစားတစ်ခုတော့ရှိပါစေ

Source : Women-online.nl

ဘာ accessories ပစ္စည်းဝတ်တာမှ ဝါသနာမပါဘူးဆိုရင်တောင် နာရီအမိုက်စားလေးတစ်လုံးလောက်တော့ ဝတ်ဆင်ဖို့ တိုက်တွန်းပါရစေ။ ဒါဟာ သင့်ကို လူတွေကြားထဲ အဆင့်အတန်းတစ်ခုကို ပြသနိုင်တဲ့ အရာဖြစ်ပါတယ်။ စွပ်ကျယ်နဲ့ သင်နေနေရင်တောင် အဲဒီ နာရီက သင့်ကို ဖက်ရှင်ကျနေစေမှာပါ။

ဂျင်းဘောင်းဘီတိုတွေဝတ်ဆင်တဲ့အခါ Fit ဖြစ်တဲ့ဘောင်းဘီတွေကိုသာဝတ်ဆင်ပါ

Source : Alibaba.com

ဘောင်းဘီဝတ်ဆင်တဲ့အခါမှာလည်း ကြပ်လွန်း ပွလွန်းတဲ့ ဘောင်းဘီတွေကို မဝတ်ပါနဲ့။ ဒီလို ကိုယ်နဲ့ ကွက်တိမကျပဲ ကြပ်လွန်း ပွလွန်းတဲ့ ဘောင်းဘီတွေဟာ ကိုယ့်ကို ကြည့်ရအတော်ဆိုးစေပါတယ်။ ဒီတော့ ကိုယ်နဲ့ လုံးဝကွက်တိကျတဲ့ ဘောင်းဘီတွေကိုသာ သေချာ ရွေးချယ် ဝတ်ဆင်ကြည့်ပြီးမှ ဝယ်ယူပါ။