ကျနော်တို့ ကလေးဘဝတုန်းက စာအုပ်တအုပ်ကို အပြင်အဖုံးကြည့်ပြီး မဝေဖန်ဖို့ သင်ခဲ့ရပါတယ်။ ဒါပေမယ့် လူတယောက်ရဲ့ first impression ဟာသူ့ရဲ့ ဝတ်စားဆင်ယင်ပုံမှာ အများကြီးမှုတည်နေပါတယ်။မိန်းကလေး တော်တော်များများကလည်း စတိုင်လ်ကျကျဝတ်ဆင်တတ်တဲ့ ယောကျာ်းလေးတွေကိုပိုပြီး သဘောကျလေ့ရှိပါတယ်။ဒါကြောင့် ခု kwee page ကနေပြီးတော့ မိန်းကလေးတွေ ကြွေဆင်းသွားစေဖို့အတွက် ဘယ်လိုဝတ်စားရမလဲဆိုတာ ဒီနေ့ ပြောပြပေးသွားမှာပါ။

မျက်မှန်

လေ့လာမှုတွေအရမျက်မှန် (နေကာမျက်မှန်အပါအဝင်) တပ်ထားတဲ့ယောက်ကျားလေးတွေက မိန်းကလေးတွေအတွက်ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ပြောထားပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ နေကာမျက်မှန်ဖြစ်ဖြစ် ပါဝါမပါတဲ့ မျက်မှန်ဖြစ်ဖြစ် တပ်ထားသင့်ပါတယ်။

ဒါပေမယ့် တခုသတိထားရမှာက မျက်မှန်တပ်ထားခြင်းက ကွီးတို့ကို ဆွဲဆောင်မှုလျှော့နည်းစေတတ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့လိုက်ဖက်မယ့် မျက်မှန်အမျိုးအစားကို သေချာရွေးဖို့ လိုအပ်ပါတယ်။

Suit ဝတ်စုံ

အခုခေတ် အမျိုးသားတွေတော်တော်များမျာဟာ suit ဝတ်စုံကို ရုံးနဲ့အစည်းအဝေးပွဲတွေမှာပဲ အများဆုံးဝတ်ဆင်လေ့ရှိကျပါတယ်။ ဒါက suit ဝတ်စုံရဲ့ ဆွဲဆောင်မှုကို အထင်သေးတာပါပဲ။ဒီ suit ဝတ်စုံတွေက အမျိုးသမီးတွေအမြင်မှာ ဆွဲဆောင်မှုရှိစေပါတယ်။ ဒီဝတ်စုံတွေကို ဒိတ်လုပ်ဖို့အတွက်တောင် ဝတ်သွားလို့ရပါတယ်။ဘယ်မိန်းကလေးမဆို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ အမျိုးသားတွေကို သဘောကျလေ့ရှိပါတယ်။

စတိုင်ကျတဲ့ နာရီတွေ

ခုလို Technology ခေတ်ကြီးမှာ ကျနော်တို့ဟာ အချိန်ကြည့်ဖို့အတွက် နာရီတွေအစား စမက်ဖုန်းတွေကို အသုံးပြုလာကြတယ်။ လက်ပတ်နာရီရဲ့ စတိုင်ကျမှုတွေကိုလုံးဝ မေ့ထားကြတာကို တွေ့ရပါတယ်။လက်ပတ်နာရီဟာ အမျိုးသားတယောက်အတွက် တနေ့တာဝတ်သင့်တဲ့ အသုံးအဆောင်တွေထဲမှာပါပါတယ်။

လက်ပတ်နာရီဟာ အမျိုးသားတွေအတွက် ပြိုင်ဘက်ကင်းတဲ့ ဆွဲဆောင်မှုရှိစေတဲ့ အမှတ်တံဆိပ်တခုနဲ့တူပါတယ်။ဒါပေမယ့် စိန်တွေစီထားတဲ့နာရီနဲ့ ရွှေရောင်နာရီတွေကို မဝတ်ဆင်ဖို့တော့ အကြံပေးပါရစေ။ မိန်းကလေးတွေက ရိုးရိုးရှင်းရှင်းနဲ့ သပ်ရပ်သန့်ရှင်းတဲ့ နာရီအမျိုးအစားတွေကိုပိုပြီး သဘောကျလေ့ရှိပါတယ်။

ရှုးဖိနပ်

တကိုယ်လုံးကို စတိုင်အပြည့်ဆင်ထားပြီးတော့ အရေးကြီးတဲ့ ဖိနပ်ကိုတော့ မမေ့သင့်ပါဘူး။ ကွီးတို့ရဲ့ စတိုင်တခုလုံးကို ဒီဖိနပ်က ဖျက်စီးပစ်လိုက်နိုင်ပါတယ်။အခုခေတ် ယောက်ကျားလေးနဲ့မိန်းကလေးတွေက အားကစားဖိနပ်တွေ ဝတ်ဆင်ရတာကို ပိုသဘောကျနေပါတယ်။ ဒါပေမယ့် ရှုးဖိနပ်အမည်းနဲ့ suit ဝတ်စုံ၊ ရိုးရိုးရှုးဖိနပ်နဲ့ ဂျင်းဘောင်းဘီတွေလောက် တွဲဖက်ညီပြီး စတိုင်ကျတာ မရှိပါဘူး။

ဒါကြောင့် ကိုယ်နဲ့လိုက်ဖက်ညီမဲ့ ရှုးဖိနပ် နှစ်ရံလောက် ဝယ်ထားသင့်ပါတယ်။

Source: Bright Side