လူတွေက ဉာဏ်ကောင်းတာက မွေးရာပါ ဆုလဒ် တခုလို့ပြော ကြတယ်။ ဒါပေမဲ့ လုံးဝအမှန်ကြီးတော့မဟုတ်ပါဘူး။ ကျွမ်းကျင်သူတွေကကိုယ်နေတဲ့ ပတ်ဝန်းကျင်က ကိုယ့်ရဲ့ဦးနှောက်နဲ့ တွေးခေါ်ပုံတွေကို အများကြီးသက်ရောက်မှုရှိစေတယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့ ဉာဏ်ကောင်းတဲ့သူတွေမှာ ပုံမှန်အားဖြင့် တွေ့ရတတ်တဲ့ အကျင့်လေးတွေရှိတတ်ပါတယ်။ ဒီနေ့ kwee page က ဉာဏ်ကောင်းတဲ့သူတွေမှာ တွေ့ရတတ်တဲ့ အလေ့အကျင့်လေးတွေကို စုစည်းတင်ပြပေးသွားမှာပါ။

ကိုယ့်ကိစ္စကိုပဲ ဂရုစိုက်တတ်တယ်

Source: Thought Catalog

တခြားလူတွေအကြောင်းအတင်းပြောတာ တခြားလူတွေကို ဝေဖန်တာတွေကို ဉာဏ်ကောင်းတဲ့သူတွေ ဝေးဝေးရှောင်ရှားလေ့ရှိပါတယ်။ သူတို့ဟာ သူတို့နဲ့ မဆိုင်ဘူးဆိုရင် တခြားသူ ဘာပဲဖြစ်နေဖြစ်နေ စိတ်ကိုမဝင်စားတာပါ။

ပြီးတော့သူတို့တွေဟာ တယောက်ထဲ နေရတာကို ပိုမိုပျော်ရွှင်တတ်ပြီး အနှောက်အယှက်တွေကို အလွန်ပဲ မုန်းပါတယ်။ တယောက်ထဲနေတာကို အထီးကျန်တယ်လို့မခံစားရဘဲ သူတို့ရဲ့ဦးနှောက် ကောင်းကောင်းအလုပ်လုပ်ဖို့ နေရာနဲ့အချိန်ပေးတာလို့လည်းပြောကြပါတယ်။

ဟာသညဏ်ရှိကြတယ်

Source: Beamastart

ကိစ္စသေးသေး လေးတွေကအစ ဟာသအဖြစ်ပြောင်းလဲပြီး ဘေးနားကလူတွေကို ရီမောစေနိုင်ဖို့ဆိုတာ ဉာဏ်ကောင်းတဲ့သူတွေ လုပ်လေ့ရှိတဲ့အရာတခုပါ။ ဒီလိုလုပ်ဖို့ဆိုတာ စဉ်းစားဉာဏ်စွမ်းနဲ့ တီထွင်ကြံဆနိူင်စွမ်းမရှိရင် မရနိုင်ပါဘူး။

ဥပမာ အနေနဲ့ ဟာသပညာရှင် Mr. Bean ရဲ့ IQ ဟာ ၁၇၈ အထိ ရှိနေပါတယ်။ ဒီလို IQ မြှင့်တဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ဝ.၁% ရာခိုင်နှုန်းပဲ ရှိတာပါ။ ပုံမှန် လူတယောက်ရဲ့ IQ ဟာ ၈၅-၁၁၅ ကြားမှာပဲ ရှိပါတယ်။ ဦးဒိန်းဒေါင်နဲ့ဦးခင်လှိုင်တို့ကိုလည်း IQ စစ်မယ်ဆိုရင် ပုံမှန်လူတွေထက် များနေမျာသေချာပါတယ်။

သူတို့ကိုယ်သူတို့ စကားပြောလေ့ရှိတယ်

Source: BBC

ကျွမ်းကျင်သူတွေက ပုံမှန်ထက် ဉာဏ်ကောင်းတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ တယောက်ထဲ စကားပြောလေ့ရှိတယ်လို့ ဆိုထားပါတယ်။ ဟုတ်ပါတယ်။ Albert Einstein ဟာ မှန်ကို ကြည့်ပြီး မိမိကိုယ်ကို စကားပြောလေ့ရှိပါတယ်။ အသံထွက်ပြီးစကားပြောလေ့ရှိသလို အသံမထွက်ပဲ ခေါင်းထဲမှာပဲ စကားပြောတာတွေ လုပ်လေ့ရှိပါတယ်။

သူတို့ဟာ ပျင်းကြတယ်

Source: Crosswalk.com

ဉာဏ်ကောင်းတဲ့သူတော်တော်များများဟာ ပျင်းကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့ကို တခုခုခိုင်းလိုက်ပြီဆိုရင် အလွယ်ကူဆုံးပြီးမဲ့ နည်းလမ်းကိုပဲ ရှာဖွေတတ်ကြတယ်။

လေ့လာမှုတွေအရ ရုပ်ပိုင်းဆိုင်ရာတတ်ကြွမှု နည်းတဲ့သူတွေဟာ ဉာဏ်ကောင်းတဲ့သူတွေများတယ်လို့လည်းဆိုထားကြပါတယ်။

အမြဲတမ်းအဖြေရှာကြတယ်

Source: Pinterest

ဉာဏ်ကောင်းတဲ့သူတွေဟာ အရမ်းစပ်စုတတ်ကြတယ်။ သူတို့ဟာ တခုခုဆိုရင် အဖြေကို မရရအောင် ရှာတတ်တဲ့ အကျင့်ရှိကြတယ်။ လေ့လာသူတွေကတော့ စပ်စုတာက ဉာဏ်ကောင်းတာရဲ့ လက္ခဏာတခုဖြစ်တယ်လို့ ပြောကြပါတယ်။ ပြီးတော့ သူတို့ဟာ စာတွေ ဖတ်လေ့ရှိပြီး နေ့စဉ်မှတ်တမ်းတွေလည်း ရေးလေ့ရှိကြတယ်။

သူတို့တွေဟာ အမှားလုပ်မိသွားရင်လည်း ဝန်ခံဖို့ ဝန်မလေးသလို နောက်ထပ်အလားတူ အမှားမျိုးမလုပ်မိအောင် ဂရုစိုက်တတ်တဲ့ အလေ့အကျင့် ရှိကြတယ်။ သူတို့ဟာ စကားနည်းပြီးတော့ အကျိုးမရှိတဲ့ စကားဝိုင်းထဲလည်း ဝင်ပါလေ့ မရှိကြဘူး။