မိန်းကလေးတွေရဲ့သဘာဝက စိတ်ဆိုးစိတ်ကောက်ခြင်းကို မူပိုင်ခွင့်ဝယ်ထားတက်တဲ့သူတွေဖြစ်ပေမယ့် အချိန်တိုင်း စိတ်ဆိုးစိတ်ကောက်နေရင်တော့ တစ်ခုခုလိုအပ်ချက်ရှိနေပြီဆိုတာ သတိပြုသင့်ပါတယ်။ တစ်ချို့ကောင်မလေးတွေက ထုတ်မပြောဘဲ စိတ်ထဲမှာပဲကြိတ်ပြီး စိတ်ဆိုးစိတ်ကောက်နေတာတွေ ဖြစ်နေတတ်တာကြောင့် ကိုယ်ဘာတွေအမှားလုပ်နေမိလည်း သူမကြိုက်တာ ဘာတွေလုပ်နေမိလဲဆိုတာ ပြန်ဆန်းစစ်သင့်ပါတယ်။

ဒီတစ်ခေါက်မှာတော့ Relationship ရှိတဲ့အမျိုးသားတိုင်းသတိထားရမယ့် ကောင်မလေးတွေမကြိုက်တဲ့အပြုအမူတွေကို ပြောပြပေးချင်ပါတယ်။

(၁) အမှုမဲ့အမှတ်မဲ့နေခြင်း

Source : parents.com

မိန်းကလေးတွေက သူတို့စကားပြောတဲ့အခါ Attention အပြည့်အဝထားစေချင်ပါတယ်။ သူတို့ရဲ့မျက်လုံးကိုကြည့်ပြီး ပြောတဲ့စကားလေးတွေကို နားထောင်ပေးတာမှ သဘောကျကြတာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အဝေးကိုငေးနေတာမျိုး ဖုန်းကြည့်နေတာမျိုးတွေကို လုံးဝ လုံးဝမကြိုက်ကြပါဘူး။ ဒါကြောင့် သူတို့စကားပြောလာရင် သေချာစွာနားထောင်ပေးတတ်ဖို့လိုပါမယ်။

(၂) ပေါ့ပျက်ပျက်နိုင်ခြင်း

Source : verywellmind.com

ပြီးပြီးရော ပေါ့ပျက်ပျက်နေတတ်တဲ့ အမျိုးသားတွေကို ဘယ်မိန်းကလေးမှ သဘောမကျတတ်ကြပါဘူး။ ဘာပဲလုပ်လုပ်ပြီးစလွယ် ပေါ့ပျက်ပျက်နိုင်တဲ့အပြုအမူတွေ အလွယ်ပြောတတ်တဲ့ အကျင့်တွေ မလုပ်နိုင်ပဲ ကတိလွယ်လွယ်ပေးတတ်ခြင်းတွေက သင့်ကို အထင်သေးသွားစေမယ့်အရာတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့နဲ့ ရှိနေတဲ့အချိန်မှာ စကားပြောဆိုအနေအထိုင်ကအစ သတိထားမယ်ဆိုရင်သင့်ကိုပို Smart ဖြစ်စေမှာပါ။

(၃) ဖုန်းကိုပဲအာရုံစိုက်နေခြင်း

Source : healthyblab.com

ချစ်သူနှစ်ယောက်အတူတူရှိနေတဲ့အချိန်မှာ လက်လေးကိုင် ထားတာမျိုးပဲလိုချင်ကြတာပါ။ ဖုန်းကိုင်နေတာတွေ ဂိမ်းဆော့ နေတာတွေကတော့ ကောင်မလေးတွေ လုံးဝမကြိုက်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ နောက်ဆုံးကိုယ့်ဖုန်းထဲက Sms ဝင်လာတာကအစ အသဲအသန်ဖုန်းဖွင့်ကြည့်နေမယ်ဆိုရင် သူမအပေါ် အလေးမထားရာရောသလို သင့်ကိုလည်း သံသယစိတ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

(၄) အရင်ဦးအောင်စားခြင်း

Source : Live Bold and Bloom

ဆိုင်တစ်ခုခုထိုင်တဲ့အခါ မိန်းကလေးတွေထုံးစံအတိုင်း ဓာတ်ပုံလေးတွေရိုက်မယ် Facebook တွေ ၊ IG တွေပေါ်ပုံလေးတွေ တင်မယ်စသည်ဖြင့်လုပ်တက်ကြပါတယ်။ ကိုယ့်အနေနဲ့ မှာထားတဲ့ အစားအသောက်တွေ ရောက်ပြီဆိုတာနဲ့ သူမကိုဂရုမစိုက်ဘဲ အရင်ဦးအောင်စားခြင်းက သူမအပေါ် ဂရုမစိုက်ရာရောက်စေပါတယ်။ ဒါကြောင့် သူမကို ဓာတ်ပုံရိုက်ပေးတာမျိုး ၊ နှစ်ယောက်အတူ Selfie ရိုက်တာမျိုးလေးတွေ အရင်လုပ်ပေးမှ သူမ စိတ်ကျေနပ်ပျော်ရွှင်မှု ရစေမှာဖြစ်ပါတယ်။