အောင်မြင်သူဖြစ်စေဖို့အတွက် နေ့စဉ်နေ့တိုင်းလုပ်ရမယ့် အရာတွေအများကြီးရှိပါတယ်။ အောင်မြင်သူတိုင်းဟာ အချိန်တွေကို ဘယ်တော့မှ လက်လွှတ်စပယ် အသုံးမပြုတတ်ပါဘူး။ သူတို့အတွက် အချိန်ဟာ အလွန်တန်ဖိုးရှိတဲ့အရာပဲဖြစ်ပါတယ်။ အောင်မြင်သူတို့ နေ့စဉ်နေ့တိုင်း လုပ်လေ့ရှိတဲ့ ရိုးရှင်းတဲ့ အပြုအမူလေးတွေကို ဒီနေ့ ဝေမျှ ပေးသွားမှာပဲဖြစ်ပါတယ်။
လုပ်ငန်းနဲ့ သက်ဆိုင်သမျှ အရာတွေကို မျက်ခြည်မပြတ်လေ့လာပါ။
Source: Budapest Business Journal
ကိုယ်လုပ်နေတဲ့ လုပ်ငန်းနယ်ပယ်ထဲကအကြောင်းတွေကို မျက်ခြေမပြတ် လေ့လာနေဖို့လိုအပ်ပါတယ်။ ကိုယ့်တိုင်းပြည်ထဲသာမက ပြည်ပက ကိုယ့်နယ်ပယ်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့အရာတွေကိုလည်း လိုက်ဖတ်နေဖို့ လိုအပ်ပါတယ်။ ဒီလို မျက်ခြည်မပြတ် လုပ်ငန်းနဲ့ ပတ်သက်သမျှကို ထိတွေ့နေမှ သင့်အတွက် အခွင့်အလမ်းတွေ ပေါ်ပေါက်လာတဲ့အခါမှာ လွတ်မသွားဘဲ ကိုယ့်ဆီကို အခွင့်အရေးတွေ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာဖြစ်ပါတယ်။
နေ့စဉ်ဒိုင်ယာရီရေးခြင်း။
Source: migraine.ie
နေ့စဉ်ဒိုင်ယာရီဟာ အောင်မြင်သူတို့ရဲ့ ကိုယ်ပိုင်ဂျာနယ်တစ်စောင်ပါပဲ။ အဲဒီကိုယ်ပိုင်ဂျာနယ်ထဲမှာ တနေ့တာဖြတ်သန်းထားသမျှ ပွဲတွေ ၊ အနိုင်အရှုံးတွေ နဲ့ အတွေးအမြင်တွေ အကုန်ပါပါတယ်။ ဒါ့ကြောင့် အောင်မြင်သူတွေဟာ သူတို့ ဖြတ်သန်းခဲ့သမျှ အရာတွေကို သူတို့ရဲ့ ကိုယ်ပိုင် နေ့စဉ် ဂျာနယ်အဖြစ် အသွင်ပြောင်းပြီး ဘဝထဲမှာ သိမ်းထားတတ်ကြပါတယ်။
Gym ဆော့ပါ။
Source: gits4u.com
Gym ဆော့ပြီး ခန္ဓာကိုယ်ကို တည်ဆောက်ရင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေပါ ကြံ့ခိုင်သန်စွမ်းအောင် တည်ဆောက်ရတာပါ။ ခန္ဓာကိုယ် တောင့်တင်းခိုင်မာပြီး ကြည့်ရကောင်းနေတာဟာလည်း အောင်မြင်သူတို့အဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိစေတဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။ Strong body နဲ့ Strong mind ဖြစ်အောင် ပုံသွင်းယူပါ။
အကြောက်တရားကို ဖယ်ရှားပါ။
Source: fee.org
အကြောင်းတရားဟာ အောင်မြင်သူတွေအတွက်တင်မဟုတ်ပါဘူး။ လူတိုင်းအတွက် ရန်သူတပါးပါပဲ။ အကြောက်တရားသာ ရှိနေမယ်ဆိုရင် ဘာမှ ဖြစ်လာနိုင်တော့မှာမဟုတ်ပါဘူး။ ကျရှုံးမှာကြောက်တာ၊ ပြစ်တင်ခံရမှာကြောက်တာ သူများတွေ အမြင်ကို ကြောက်တာ အဲဒီ ကြောက်တာဆိုတာတွေဟာ လူတွေကို ရှုံးနိမ့်စေပါတယ်။